.
ယခင် ပိုးတွေ့ အတည်ပြု လူနာများနှင့် ထိတွေ့မှု ရှိသူများ၊ ကားသမားများအား RDT ဖြင့် စစ်ဆေးစဉ် တောင်ကြီးမြို့ပေါ်မှ ၆ ဦး၊ အေးသာယာမြို့မှ ၂ ဦး၊ စုစုပေါင်း ၈ ဦး တွင် COVID-19 ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
“ မနေ့က မြို့မဈေးက ပိုးတွေ့တဲ့ ၁ ယောက်နဲ့ ထိတွေ့သူကို စစ်လိုက်တော့ Positive တွေ့တယ်။ အဲဒီ ၁ ယောက်ရဲ့ မိသားစုဝင် ၅ ဦးကို ထပ်စစ်လိုက်တော့လည်း အားလုံး Positive ဖြစ်တယ်။ တောင်ကြီးမြို့ပေါ်မှာ ၆ ဦး ပိုး တွေ့တာပါ။ အေးသာယာမှာ စစ်တဲ့ ကားသမား ၂ ဦးမှာလည်း ပိုး တွေ့တယ်။”ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ ဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့နယ် အပါအဝင် ရှမ်းပြည်နယ်အတွင်း၌ မတ်လ ၃၀ ရက်မှ နိုဝင်ဘာလ ၃၀ ရက်ထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ စုစုပေါင်း ၄၂၅ ဦး တွေ့ရှိထားပြီး ယင်းအနက် ၂ ဦး သေဆုံး၍ ၂၇၃ ဦးမှာ ဆေးရုံမှ ဆင်းခွင့် ရပြီ ဖြစ်ကြောင်း သိရသည်။