.
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ရောဂါဖြစ်ပွားရာ မြို့နယ်မှ ပြန်လာ၍ အသွားအလာ ကန့်သတ်စောင့်ကြည့်မှု ခံယူနေသူ အမျိုးသမီး ၃ ဦးတွင် ဒီဇင်ဘာ ၄ ရက်က COVID-19 ပိုး တွေ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
.
အဆိုပါ အမျိုးသမီးများသည် သက်ဆိုင်ရာ Facility Quarantine Center များတွင် အသွားအလာ ကန့်သတ် စောင့်ကြည့်မှု ခံယူနေသူများ ဖြစ်ကာ ကျန်းမာရေးဌာနမှ Rapid Diagnosti Test Kits ဖြင့် စစ်ဆေးစဉ် COVID-19 ပိုးတွေ့ရှိခြင်း ဖြစ်ပြီး ၎င်းတို့သည် မိုင်းယောင်းမြို့နယ်တွင် ပထမဆုံး COVID-19 ပိုးတွေ့ အတည်ပြုလူနာများ ဖြစ်ကြောင်း သိရသည်။
.
မိုင်းယောင်းမြို့နယ်တွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ပနှင့် ပြည်တွင်းရှိ Stay At Home မြို့နယ်များ၊ ရောဂါဖြစ်ပွားမှု များပြားရာ မြို့နယ်များမှ ပြန်လည် ဝင်ရောက်လာသူများအား မြို့နယ်အတွင်း ဖွင့်လှစ်ထားသော Quarantine Center အသီးသီးတွင် အသွားအလာ ကန့်သတ် ထားရှိပြီး ကျန်းမာရေးဌာနမှ နေ့စဉ် ကျန်းမာရေး စစ်ဆေးဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
No comments:
Post a Comment