ကလောမြို့နယ်၊ နန့်ပန်တက် စစ်ဆေးရေးဂိတ်၌ ယာဉ်မောင်း တစ်ဦးထံတွင် ယနေ့ (ဒီဇင်ဘာလ ၁ ရက်)၊ နံနက်ပိုင်း၌ COVID-19 ပိုး တွေ့ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ပိုးတွေ့လူနာသည် စစ်ကိုင်းတိုင်းဒေသကြီးတွင် နေထိုင်သည့် အသက် ၃၆ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး နန့်ပန်တက် စစ်ဆေးရေးဂိတ်၌ RDT ဖြင့် စစ်ဆေးစဉ် COVID-19 ပိုး တွေ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းပိုးတွေ့လူနာ အမျိုးသားအား ကလောမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ပေးလျက်ရှိပြီး ၎င်းနှင့် ထိတွေ့ခဲ့သူ များအား Facility Quarantine ထားရှိ၍ အသွားအလာ ကန့်သတ်သွားမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment