COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၁၃၀၈ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (ဒီဇင်ဘာလ ၈ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
ထို့အတူ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)မှ PCR စက်ဖြင့် စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၆၉၈ ခုအနက် ၁၂ ဦးတွင် COVID-19 ပိုးတွေ့ရှိကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)က ထုတ်ပြန်ခဲ့သည်။
.
အဆိုပါ လူနာများမှာ တောင်ကြီးမြို့နယ်မှ ၁ ဦး၊ တာချီလိတ်မြို့နယ်မှ ၉ ဦး၊ မိုင်းပျဥ်းမြို့နယ်မှ ၁ ဦး၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မှ ၁ ဦးတို့ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ယနေ့တွင် RDT ဖြင့် စစ်ဆေးစဥ် တောင်ကြီးမြို့နယ်၌ အမျိုးသမီး ၁ ဦးတွင်လည်း ပိုး တွေ့ခဲ့ကြောင်းလည်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (ဒီဇင်ဘာလ ၈ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၀၁၇၃၉ ဦး ရှိကာ၊ ယင်းအနက် ၂၁၅၁ ဦး သေဆုံး၍ ၈၀၇၂၆ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှဆင်းခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။