COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၁၅၂၇ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (ဒီဇင်ဘာလ ၅ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
ထို့အတူ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)မှ PCR စက်ဖြင့် စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၂၆၉ ခုအနက် ၅ ဦးတွင် COVID-19 ပိုးတွေ့ရှိကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)က ထုတ်ပြန်ခဲ့သည်။
.
အဆိုပါ လူနာများမှာ တောင်ကြီးမြို့နယ်မှ ၅ ဦးဖြစ်ကြောင်း သိရသည်။
.
" PCR စက်ကြီးနဲ့ စစ်တာမှာ တောင်ကြီးမှာ ၅ ဦးတွေ့တယ်။ အကုန်လုံးက Quarantine ဝင်နေသူတွေပါ။" ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ ဇဝနကိုက ပြောသည်။
.
ထို့အပြင် ယနေ့တွင် RDT ဖြင့် စစ်ဆေးစဥ် ကလောမြို့နယ်၌ ကားသမား ၃ ဦးတွင်လည်း ပိုး တွေ့ခဲ့ကြောင်းလည်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (ဒီဇင်ဘာလ ၅ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၉၈၀၄၇ ဦး ရှိကာ၊ ယင်းအနက် ၂၀၈၁ ဦး သေဆုံး၍ ၇၆၃၈၂ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှဆင်းခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။