COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၁၅၀၂ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (ဒီဇင်ဘာလ ၄ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
ထို့အတူ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)မှ PCR စက်ဖြင့် စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၆၉၅ ခုအနက် ၁၃ ဦးတွင် COVID-19 ပိုးတွေ့ရှိကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)က ထုတ်ပြန်ခဲ့သည်။
.
အဆိုပါ လူနာများမှာ တောင်ကြီးမြို့နယ်မှ ၃ ဦး၊ ရပ်စောက်မြို့နယ်မှ ၄ ဦး၊ မိုင်းရှူးမြို့နယ်မှ ၁ ဦး၊ နမ့်စန်မြို့နယ်မှ ၁ ဦး၊ တာချီလိတ်မြို့နယ်မှ ၄ ဦးတို့ ဖြစ်ကြောင်း သိရသည်။
.
" PCR စက်ကြီးနဲ့ စစ်တာမှာ ရှမ်းတောင်က ၉ ဦးတွေ့တယ်။ မိုင်းရှူးက ရဲဝန်ထမ်း ၁ ယောက်၊ နမ့်စန်က ရန်ကုန်ပြန် ၁ ယောက်၊ ရပ်စောက်က contact ၄ ယောက်၊ တောင်ကြီး မင်္ဂလာဦး ဆက်က ၃ ယောက်ပါ။ အကုန်လုံးက Quarantine ဝင်နေသူတွေပါ။" ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ ဇဝနကိုက ပြောသည်။
.
ထို့အပြင် ယနေ့တွင် RDT ဖြင့် စစ်ဆေးစဥ် ကလောမြို့နယ်၌ ကားသမား ၄ ဦး၊ ရွာငံမြို့နယ်၌ ကားသမား ၁ ဦး၊ တောင်ကြီးတွင် သူနာပြု ၁ ဦးတို့ထံတွင်လည်း ပိုး တွေ့ခဲ့ကြောင်းလည်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (ဒီဇင်ဘာလ ၄ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၉၆၅၂၀ ဦး ရှိကာ၊ ယင်းအနက် ၂၀၅၉ ဦး သေဆုံး၍ ၇၄၉၇၃ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှဆင်းခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment