​COVID-19 အတည်ပြုလူနာ အသစ် ၅၈၇ ဦး ထပ်မံ တွေ့ရှိ၊ PHL(​တောင်ကြီး)၌ စစ်သည့် ဓါတ်ခွဲနမူနာများအနက် ၁၂ ဦးတွင် ပိုး တွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

​COVID-19 အတည်ပြုလူနာ အသစ် ၅၈၇ ဦး ထပ်မံ တွေ့ရှိ၊ PHL(​တောင်ကြီး)၌ စစ်သည့် ဓါတ်ခွဲနမူနာများအနက် ၁၂ ဦးတွင် ပိုး တွေ့

COVID-19 ပိုး​​တွေ့ အတည်ပြုလူနာ အသစ် ၅၈၇ ဦး ထပ်မံ ​တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (​ဒီဇင်ဘာလ ၃၀ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

.



ထို့အတူ ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(​PHL-တောင်ကြီး)၌ PCR စက်ဖြင့် စစ်​ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၅၄၇ ခုအနက် ရှမ်းပြည်နယ်​တောင်ပိုင်း၊ ​တောင်ကြီး၊ က​လော၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်​လောင်း၊ ရွာငံမြို့နယ်များမှ စုစု​ပေါင်း ၁၂ ဦးတွင် COVID-19 ပိုးတွေ့ရှိခဲ့​ကြောင်း ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(​PHL-တောင်ကြီး)မှ ထုတ်ပြန်ခဲ့သည်။

.

ထို့အပြင် ရှမ်းပြည်နယ်​တောင်ပိုင်းတွင် ဒီဇင်ဘာလ ၂၉ ရက်၊ ​နေ့လယ် ၁၁ နာရီမှ ၃၀ ရက် ​ည​နေပိုင်းထိ RDT ဖြင့် စစ်​ဆေးခဲ့သည့် ဓါတ်ခွဲနမူနာများအနက် ​တောင်ကြီးမြို့ ယာဥ်ထိန်းရုံးမှ  ၂၂ ဦး၊ က​လောမြို့နယ်၌ ၁ ဦး၊ ဖယ်ခုံမြို့နယ်၌ ၁ ဦးတွင် COVID-19 ပိုး​တွေ့ခဲ့​ကြောင်း ရှမ်းပြည်နယ် ကုသ​ရေးနှင့် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနထံမှ သိရသည်။

.

မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (​ဒီဇင်ဘာလ ၃၀ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၂၃၄၇၀ ဦး ရှိကာ၊ ယင်းအနက် ၂၆၆၄ ဦး သေဆုံး၍ ၁၀၆၁၂၁ ဦးမှာ ပြန်လည် သက်သာ၍ ​ဆေးရုံမှ ဆင်းခွင့် ရရှိပြီ ဖြစ်​ကြောင်း သိရသည်။

Journal Download

Photo of three cats