​COVID-19 အတည်ပြုလူနာ အသစ် ၆၁၉ ဦး ထပ်မံ တွေ့ရှိ၊ PHL(​တောင်ကြီး)၌ စစ်သည့် ဓါတ်ခွဲနမူနာများအနက် ၅ ဦးတွင် ပိုး တွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

​COVID-19 အတည်ပြုလူနာ အသစ် ၆၁၉ ဦး ထပ်မံ တွေ့ရှိ၊ PHL(​တောင်ကြီး)၌ စစ်သည့် ဓါတ်ခွဲနမူနာများအနက် ၅ ဦးတွင် ပိုး တွေ့

COVID-19 ပိုး​​တွေ့ အတည်ပြုလူနာ အသစ် ၆၁၉ ဦး ထပ်မံ ​တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (​ဒီဇင်ဘာလ ၂၉ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

.



ထို့အတူ ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(​PHL-တောင်ကြီး)၌ PCR စက်ဖြင့် စစ်​ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၃၆၆ ခုအနက် တောင်ကြီးမြို့နယ်မှ ၁ ဦး၊ မိုင်း​ယောင်းမြို့နယ်မှ ၂ ဦးနှင့် ကယားပြည်နယ်မှ ၂ ဦး၊ စုစု​ပေါင်း ၅ ဦးတွင် COVID-19 ပိုးတွေ့ရှိခဲ့​ကြောင်း ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(​PHL-တောင်ကြီး)မှ ထုတ်ပြန်ခဲ့သည်။

.

ထို့အပြင် ရှမ်းပြည်နယ်​တောင်ပိုင်းတွင် ဒီဇင်ဘာလ ၂၈ ရက်၊ ​နေ့လယ် ၁၁ နာရီမှ ၂၉ ရက် ​နေ့လယ် ၁၁ နာရီထိ RDT ဖြင့် စစ်​ဆေးခဲ့သည့် ဓါတ်ခွဲနမူနာများအနက် ​တောင်ကြီးမြို့နယ်၌ ယာဥ်မောင်း ၂ ဦးတွင် COVID-19 ပိုး​တွေ့ခဲ့​ကြောင်း ရှမ်းပြည်နယ် ကုသ​ရေးနှင့် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

.

မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (​ဒီဇင်ဘာလ ၂၉ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၂၃၁၅၃ ဦး ရှိကာ၊ ယင်းအနက် ၂၆၃၇ ဦး သေဆုံး၍ ၁၀၅၂၇၉ ဦးမှာ ပြန်လည် သက်သာ၍ ​ဆေးရုံမှ ဆင်းခွင့် ရရှိပြီ ဖြစ်​ကြောင်း သိရသည်။

Journal Download

Photo of three cats