​COVID-19 အတည်ပြုလူနာ အသစ် ၇၃၄ ဦး ထပ်မံ တွေ့ရှိ၊ PHL(​တောင်ကြီး)၌ စစ်သည့် ဓါတ်ခွဲနမူနာများအနက် ၁ ဦးတွင် ပိုး တွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

​COVID-19 အတည်ပြုလူနာ အသစ် ၇၃၄ ဦး ထပ်မံ တွေ့ရှိ၊ PHL(​တောင်ကြီး)၌ စစ်သည့် ဓါတ်ခွဲနမူနာများအနက် ၁ ဦးတွင် ပိုး တွေ့

COVID-19 ပိုး​​တွေ့ အတည်ပြုလူနာ အသစ် ၇၃၄ ဦး ထပ်မံ ​တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (​ဒီဇင်ဘာလ ၂၆ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

.



ထို့အတူ ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(​PHL-တောင်ကြီး)၌ PCR စက်ဖြင့် စစ်​ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၁၂၇ ခုအနက် ၁ ဦးတွင် COVID-19 ပိုးတွေ့ရှိခဲ့​ကြောင်း ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(​PHL-တောင်ကြီး)မှ ထုတ်ပြန်ခဲ့သည်။

.

ယင်း လူနာမှာ ​​​​ပင်​လောင်းမြို့နယ်မှ ဖြစ်​​ပြီး၊ ထို့အပြင် ရှမ်းပြည်နယ်​တောင်ပိုင်းတွင် RDT ဖြင့် ယ​နေ့ စစ်​ဆေးခဲ့သည့် ဓါတ်ခွဲနမူနာများအနက် က​လောမြို့နယ်၊ နန့်ပန်တက်ဂိတ်၌ ယာဥ်​နောက်လိုက် ၁ ဦးတွင် COVID-19 ပိုး​တွေ့ခဲ့​ကြောင်းလည်း သိရသည်။

.

မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (​ဒီဇင်ဘာလ ၂၆ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၂၁၂၈၀ ဦး ရှိကာ၊ ယင်းအနက် ၂၅၇၉ ဦး သေဆုံး၍ ၁၀၂၁၆၃ ဦးမှာ ပြန်လည် သက်သာ၍ ​ဆေးရုံမှ ဆင်းခွင့် ရရှိပြီ ဖြစ်​ကြောင်း သိရသည်။

Journal Download

Photo of three cats