COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၇၅၈ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (ဒီဇင်ဘာလ ၂၅ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
ထို့အတူ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)၌ PCR စက်ဖြင့် စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၅၃၈ ခုအနက် ၄ ဦးတွင် COVID-19 ပိုးတွေ့ရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)မှ ထုတ်ပြန်ခဲ့သည်။
.
ယင်း လူနာများမှာ တောင်ကြီးမြို့နယ်မှ ၁ ဦး၊ ကလောမြို့နယ်မှ ၂ ဦးနှင့် ကယားပြည်နယ်မှ ၁ ဦးတို့ ဖြစ်ကြောင်း သိရသည်။
.
ထို့ အပြင် ရှမ်းပြည်နယ်တောင်ပိုင်းတွင် RDT ဖြင့် ယနေ့ စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာများအနက် ကလောမြို့နယ်၊ နန့်ပန်တက်ဂိတ်တွင် ၁ ဦး၊ တောင်ကြီးမြို့တွင် ၂ ဦး၊ စုစုပေါင်း ၃ ဦးတွင် COVID-19 ပိုးတွေ့ခဲ့ကြောင်းလည်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (ဒီဇင်ဘာလ ၂၅ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၂၀၅၄၆ ဦး ရှိကာ၊ ယင်းအနက် ၂၅၅၂ ဦး သေဆုံး၍ ၁၀၀၉၄၀ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှ ဆင်းခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။