COVID-19 အတည်ပြုလူနာ အသစ် ၁၁၁၆ ဦး ထပ်မံ တွေ့ရှိ၊ PHL(​တောင်ကြီး)၌ စစ်သည့် ဓါတ်ခွဲနမူနာများအနက် ၁၂ ဦးတွင် ပိုး တွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 အတည်ပြုလူနာ အသစ် ၁၁၁၆ ဦး ထပ်မံ တွေ့ရှိ၊ PHL(​တောင်ကြီး)၌ စစ်သည့် ဓါတ်ခွဲနမူနာများအနက် ၁၂ ဦးတွင် ပိုး တွေ့

COVID-19 ပိုး​​တွေ့ အတည်ပြုလူနာ အသစ် ၁၁၁၆ ဦး ထပ်မံ ​တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (​ဒီဇင်ဘာလ ၁၈ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

.



ထို့အတူ ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(​PHL-တောင်ကြီး)၌ PCR စက်ဖြင့် စစ်​ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၆၉၂ ခုအနက် ၁၂ ဦးတွင် COVID-19 ပိုးတွေ့ရှိခဲ့​ကြောင်း ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(​PHL-တောင်ကြီး)မှ ထုတ်ပြန်ခဲ့သည်။

.

ယင်း လူနာများမှာ ​​ပင်​လောင်းမြို့နယ်မှ ၄ ဦး၊ ​​မိုးနဲမြို့နယ်မှ ၁ ဦး၊ ပင်းတယမြို့နယ်မှ ၁ ဦး၊ တာချီလိတ်မြို့နယ်မှ  ၂ ဦး၊ မိုင်း​ယောင်းမြို့နယ်မှ ၁ ဦးနှင့် ကယားပြည်နယ်မှ ၃ ဦးတို့ ဖြစ်​​ကြောင်း သိရသည်။

.

မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (​ဒီဇင်ဘာလ ၁၈ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၁၄၁၉၈ ဦး ရှိကာ၊ ယင်းအနက် ၂၃၉၈ ဦး သေဆုံး၍ ၉၂၉၁၆ ဦးမှာ ပြန်လည် သက်သာ၍ ​ဆေးရုံမှ ဆင်းခွင့် ရရှိပြီ ဖြစ်​ကြောင်း သိရသည်။

Journal Download

Photo of three cats