COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၁၁၅၅ ဦး ထပ်မံ တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (ဒီဇင်ဘာလ ၁၅ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
ထို့အတူ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)၌ PCR စက်ဖြင့် စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၆၅၀ ခုအနက် ၁၂ ဦးတွင် COVID-19 ပိုးတွေ့ရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(PHL-တောင်ကြီး)မှ ထုတ်ပြန်ခဲ့သည်။
.
ယင်း လူနာများမှာ တာချီလိတ်မြို့နယ်မှ ၃ ဦး၊ ကယားပြည်နယ်မှ ၉ ဦးတို့ ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (ဒီဇင်ဘာလ ၁၅ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၁၀၆၆၇ ဦး ရှိကာ၊ ယင်းအနက် ၂၃၁၉ ဦး သေဆုံး၍ ၈၉၄၁၈ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှ ဆင်းခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment