COVID-19 အတည်ပြုလူနာ အသစ် ၁၄၁၁ ဦး ထပ်မံ တွေ့ရှိ၊ PHL(​တောင်ကြီး)၌ စစ်သည့် ဓါတ်ခွဲနမူနာများအနက် ၉ ဦးတွင် ပိုး တွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, December 2, 2020

COVID-19 အတည်ပြုလူနာ အသစ် ၁၄၁၁ ဦး ထပ်မံ တွေ့ရှိ၊ PHL(​တောင်ကြီး)၌ စစ်သည့် ဓါတ်ခွဲနမူနာများအနက် ၉ ဦးတွင် ပိုး တွေ့

COVID-19 ပိုး​​တွေ့ အတည်ပြုလူနာ အသစ် ၁၄၁၁ ဦး ထပ်မံ ​တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (​ဒီဇင်ဘာလ ၂ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

.



ထို့အတူ ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(​PHL-တောင်ကြီး)မှ PCR စက်ဖြင့် စစ်​ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၅၃၈ ခုအနက် ၉ ဦးတွင် COVID-19 ပိုးတွေ့ရှိကြောင်း ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(​PHL-တောင်ကြီး)က ထုတ်ပြန်ခဲ့သည်။

.

အဆိုပါ လူနာများမှာ ​တောင်ကြီးမြို့နယ်မှ ၄ ဦး၊ လင်း​ခေးမြို့နယ်မှ ၁ ဦး၊ ရှမ်းပြည်နယ်အ​​ရှေ့ပိုင်း၊ မိုင်းပျဥ်းမြို့နယ်မှ ၁ ဦး၊ ကျိုင်းတုံမြို့နယ်မှ ၁ ဦး၊ ကယားပြည်နယ်၊ လွိုင်​ကော်မြို့နယ်မှ ၂ ဦးတို့ ဖြစ်​ကြောင်း သိရသည်။

.

" PCR စက်ကြီးနဲ့ စစ်တာမှာ ရှမ်း​တောင်က ၅ ဦး​တွေ့တယ်။ ​တောင်ကြီးမြို့နယ် ၄ ​ယောက်ထဲက ၃ ​ယောက်က မင်္ဂလာဦးက၊ ​နောက်တစ်​ယောက်က ဝင်းယကပါ။ လင်း​ခေး ၁ ​ယောက်​က​တော့ ရန်ကုန်က​နေ ​ပြောင်းလာတဲ့ ရဲတပ်ဖွဲ့ကပါ။" ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာ​ရေးနှင့် ကုသ​ရေးဦးစီးဌာနမှ ​ဒေါက်တာ ဇဝနကိုက ​ပြောသည်။

.

ထို့အပြင် ရှမ်းပြည်နယ်​တောင်ပိုင်း၌ ယ​နေ့တွင် RDT ဖြင့် စစ်​​ဆေးစဥ် က​​လောမြို့နယ်မှ ၅ ဦး၊ ဆီဆိုင်မြို့နယ်မှ ၁ ဦး၊ ​တောင်ကြီးမြို့နယ်၊ ​အေးသာယာမြို့မှ ၁ ဦးတွင် ပိုး ​တွေ့ခဲ့​ကြောင်းလည်း သိရသည်။

.

မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (​ဒီဇင်ဘာလ ၂ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၉၃၆၀၀ ဦး ရှိကာ၊ ယင်းအနက် ၁၉၉၈ ဦး သေဆုံး၍ ၇၂၆၀၁ ဦးမှာ ပြန်လည် သက်သာ၍ ​ဆေးရုံမှဆင်းခွင့် ရရှိပြီ ဖြစ်​ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats