ဟိုပုံးမြို့နယ်၊ ထမ်းစမ်းဂူအနီး ပြည်ထောင်စုလမ်းဘေးရှိ ချောက် အတွင်းသို့ ဒီဇင်ဘာလ ၁၆ ရက်၊ နေ့လယ်ပိုင်းက မော်တော်ယာဥ် တစ်စီး အရှိန်မထိန်းနိုင်ဘဲ ပြုတ်ကျခဲ့သဖြင့် ရဟန်း တစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
.
" ရဟန်းသံဃာ ဆိုတော့ ကိုယ်တိုင် ကားမောင်းတယ်ဆိုတော့ တစ်နိုင်ငံလုံးသိ တစ်ကမ္ဘာလုံး သိဆိုရင် ကိုယ့်သံဃာပေါ်မှာ အကြည်အညို ဟိုဟာဖြစ်သွားမှာစိုးလို့ပါ။ မကောင်းလို့ပါ၊ တခြားဟိုဆိုရင် သတင်း ပြောပေးပါတယ်"ဟု ဟိုပုံးမြို့မရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ မော်တော်ယာဥ်မှာ ရွှေညောင်မြို့ရှိ ဘုန်းတော်ကြီးကျောင်းမှ အလှူခံယာဥ် ဖြစ်ပြီး ဟိုပုံးမြို့မှ မိုင်းပွန်မြို့သို့ မောင်းနှင်နေစဥ် လမ်းဘေး ချောက်အတွင်းသို့ ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယာဥ် တိမ်းမှောက်မှုကြောင့် ရဟန်း တစ်ပါး ပျံလွန်တော်မူကာ အခြား တစ်ပါးမှာ ဒဏ်ရာ ရရှိ၍ တောင်ကြီးဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။