British American Tobacco လုပ်ငန်းစု၏ COVID-19 ကာကွယ်ဆေး လူသားများနှင့် လက်တွေ့စမ်းသပ်နိုင်သည့် အဆင့်ရောက်ရှိလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

British American Tobacco လုပ်ငန်းစု၏ COVID-19 ကာကွယ်ဆေး လူသားများနှင့် လက်တွေ့စမ်းသပ်နိုင်သည့် အဆင့်ရောက်ရှိလာ

ကမ္ဘောဇတိုင်း

.

British American Tobacco လုပ်ငန်းစု၏ COVID-19 ကာကွယ်ဆေးမှာ အဆင့် (၁) အနေဖြင့် လူသားများနှင့် လက်တွေ့ စမ်းသပ်နိုင်သည့်အဆင့်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း BAT Myanmar က သတင်းထုတ်ပြန်ထားသည်။

.

.

အဆိုပါ BAT COVID-19 ရောဂါ ကာကွယ်ဆေးသည် အပင်ကိုအခြေပြုသည့် ဆန်းသစ်သော နည်းပညာကို အသုံးပြု၍ ဖန်တီးထားခြင်းဖြစ်ပြီး BAT ၏ ကာကွယ်ဆေးပလက်ဖောင်းကို သုံး၍ ထုတ်လုပ်သော ကာကွယ်ဆေး များသည် အခန်းအပူချိန်တွင် ထားရှိနိုင်သည့် အလားအလာရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

BAT ၏ အမေရိကန်အခြေစိုက် ဇီဝနည်းပညာ လုပ်ငန်းခွဲ ဖြစ်သော Kentucky BioProcessing (KBP) က COVID-19 ကာကွယ်ဆေးစမ်းသပ်ရန် လျှောက်ထားမှုအား ဒီဇင်ဘာလ ၁၆ ရက်တွင် အမေရိကန်အစားအစာနှင့် ဆေးဝါး ကွပ်ကဲမှုဌာန (FDA) က အတည်ပြုပြီးနောက် လူသားများဖြင့် စမ်းသပ်မည့် အစီအစဉ်ကိုကြေငြာလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

.

COVID-19 ကာကွယ်ဆေးအဖြစ် ထုတ်လုပ်နိုင်မည့် (KBP-COVID-19; NCT04473690) သည် အကြိုလက်တွေ့ စမ်းသပ်မှု အဆင့်ထက် ကျော်လွန်၍ တိုးတက်လာမည့် အလားအလာရှိသော ကာကွယ်ဆေးများအနက် တစ်ခု ဖြစ်လာမည်ဖြစ်ပြီး စမ်းသပ်လေ့လာမှုတွင် ကျန်းမာသန်စွမ်းသောစေတနာ့ဝန်ထမ်း ၁၈၀ ကို အသက် ၁၈ နှစ်မှ ၄၉ နှစ်ကြားအုပ်စုနှင့် အသက် ၅၀ မှ ၇၀ ကြားရှိ အုပ်စုနှစ်ခုခွဲခြားပြီး လေ့လာမည်ဖြစ်ကြောင်း သိရသည်။

.

စမ်းသပ်နေသည့် COVID-19 ကာကွယ်ဆေးသည် အခန်းအပူချိန်တွင်လည်း တည်ငြိမ်နိုင်သည့် အလားအလာရှိသည့် အတွက် ရေခဲသေတ္တာထဲတွင် ထားရှိရန်မလိုအပ်ရာ  ကမ္ဘာအနှံ့ရှိ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအတွက် သိသာ ထင်ရှားသော အားသာချက် ဖြစ်ကာ အကယ်၍ အောင်မြင်ခဲ့ပါက အဓိကအရေးပါသည့် ပါဝင်ပစ္စည်းများ ထုတ်လုပ်မှု နှုန်းသည် ဗိုင်းရပ်စ်များနှင့် မျိုးကွဲအသစ်များ ဖော်ထုတ်ခြင်း၊ ကာကွယ်ဆေးဖွံ့ဖြိုးတိုးတက်မှုနှင့် လိုအပ်သူများထံသို့ ဖြန့်ကျက်ပို့ဆောင်ပေးခြင်း တို့ကြား ကြာမြင့်ချိန်ကိုလျှော့ချရန် အလားအလာ ရှိကြောင်း သိရသည်။

.

“ကျွန်တော်တို့ စမ်းသပ်နေတဲ့ COVID-19 နဲ့ ရာသီတုပ်ကွေးကာကွယ်ဆေးကို လူသားများနဲ့ လက်တွေ့ စမ်းသပ် ခြင်းဟာ သိသာထင်ရှားတဲ့ မှတ်တိုင်တစ်ခုဖြစ်ပြီး ကျွန်တော်တို့ရဲ့ ထွန်းသစ်စ ဇီဝဗေဒဖွံ့ဖြိုးတိုးတက်မှု မှတ်တမ်း အစုစု ပြုစုမှုကို အရှိန်မြှင့်ရန် ကြိုးပမ်းအားထုတ်နေမှုရဲ့ သက်သေ ဖြစ်ပါတယ်။ စမ်းသပ်ဆဲကာကွယ်ဆေးမှာ အသုံးပြုတဲ့ ကျွန်တော်တို့ရဲ့ ထူးခြားတဲ့ အပင်အခြေပြု နည်းပညာကြောင့် ရောဂါအမျိုးမျိုးအတွက် Antigen များ ထုတ်လုပ်ပေးနိုင်ပြီး ကျွန်တော်တို့ အခုအခြေအနေထိ တိုးတက်လာကာ ကမ္ဘာတဝှမ်း အရေးတကြီးလိုအပ်နေတဲ့ လုံခြုံစိတ်ချ ထိရောက်တဲ့ ကုသမှုများနဲ့ ကာကွယ်ဆေးများအတွက် တုံ့ပြန်မှုများ ပြုလုပ်နိုင်ခြင်းဖြစ်ပါတယ်” ဟု British American Tobacco မှ သိပ္ပံသုတေသန ဒါရိုက်တာ Dr David O’Reilly က ပြောဆိုထားသည်။

.

ကာကွယ်ဆေးနှစ်မျိုးလုံးသည် ဤအရေးကြီးသော မှတ်တိုင်များသို့ ရောက်ရှိလာသည်နှင့်အမျှ ဆေးရွက်ကြီးပင် အခြေ ပြု ကာကွယ်ဆေးထုတ်လုပ်မှုနှင့်ပတ်သက်သည့် သိပ္ပံပညာတိုးတက်မှုနှင့် ထူးခြားသော ပလက်ဖောင်း/ နည်းပညာ လမ်းကြောင်းသည် ဆက်လက်ပြီး အရှိန်အဟုန် ရရှိနေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

.

BAT ကို ၁၉၀၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စားသုံးသူများအတွက် ပိုမိုနှစ်သက်ဖွယ်ကောင်းပြီး အန္တရာယ်နည်း သော ကုန်ပစ္စည်းများကိုရွေးချယ်ခြင်းအားဖြင့် စီးပွားရေးလုင်ငန်းကြောင့် ကျန်းမာရေး အပေါ် အကျိုးသက်ရောက်မှုကို လျှော့ချခြင်းအားဖြင့် ပိုမိုကောင်းမွန်သောမနက်ဖြန်ကို တည်ဆောက်ရန် ရည်ရွယ်ချက်များဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

BAT ကပိုင်ဆိုင်သည့် KBP သည် အမေရိကန်နိုင်ငံ၊ အိုဝန်စဘိုရို  မြို့တွင်တည်ရှိပြီး ၂ဝဝ၆ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ ကာ အိုဝန်စဘိုရို  ရှိ မိုးလုံလေလုံ အပင်စိုက်ပျိုးမှု၊သုတေသနလုပ်ငန်းများနှင့် ထုတ်လုပ်ရေးအတွက် ဓါတ်ခွဲခန်းများ တွင် ကုန်ထုတ်လုပ်သည့် လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေသည်။

.

BAT လုပ်ငန်းစုကြီး၏ အမေရိကန်အခြေစိုက် လုပ်ငန်းခွဲဖြစ်သော Reynolds American Inc. (RAI) က ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် KBP ကို ရယူလိုက်ပြီးနောက် လွတ်လပ်စွာ လည်ပတ်လုပ်ကိုင်သည့် သီးခြားလက်အောက်ခံ ကုမ္ပဏီခွဲ ဖြစ်ကြောင်း သိရသည်။

.

Source - British American Tobacco (BAT)

.


Journal Download

Photo of three cats