လားရှိုးမြို့တွင် အမျိုးသမီး တစ်ဦး အသတ်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, December 3, 2020

လားရှိုးမြို့တွင် အမျိုးသမီး တစ်ဦး အသတ်ခံရ

မင်းဇော်မင်း
.

လားရှိုးမြို့၊ ရပ်ကွက်(၁၂)တွင် ဒီဇင်ဘာ ၂ ရက်၊ ညနေပိုင်းက အမျိုးသမီး တစ်ဦး ဓားဖြင့် ထိုး၍ အသတ်ခံရကြောင်း သိရသည်။
.
ဖြစ်စဉ်မှာ လားရှိုးမြို့ ၊ရပ်ကွက်(၁၂)၊ အောင်သစ္စာကွက်သစ် ၁၃ လမ်း​ထောင့်ရှိ ကုန်စုံဆိုင်၌ အိမ်ရှင်ဖြစ်သူ ဦးရီရှင်းခိုင်သည် ၎င်း၏ဇနီးဖြစ်သူ မယန်ကျားခေါင်၏ `သူခိုး´ဟု အော်သံကြားသဖြင့် သွားရောက် ကြည့်ရှုရာ ဇနီးဖြစ်သူ၏ ခန္ဒာကိုယ်တွင် သွေးထွက် ဒဏ်ရာများဖြင့် အိပ်ခန်းတံခါး အနီးတွင် လဲနေသဖြင့် ​ပွေ့ယူ ​မေးမြန်းရာ လူတစ်ဦးက ဓါးဖြင့်ထိုး၍ အိမ်နောက်ဘက် အုတ်တံတိုင်းအား ကျော်တက် ထွက်ပြေးစဉ် ခြေထောက်သာ တွေ့လိုက်ရသည်ဟု ပြောပြခဲ့​ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ဓားထိုးခံရမှုကြောင့် မယန်ကျား​ခေါင်၏ ယာဘက် လည်ပင်းတွင် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ အောက်မေးစေ့ စုတ်ပြဲဒဏ်ရာ ၁ ချက်၊ ဘယ်ဘက်မျက်ခုံးပေါ်ပြတ်ရှဒဏ်ရာ ၁ ချက် ရရှိခဲ့၍ လူနာအား လားရှိုးပြည်သူ့ဆေးရုံသို့တင်ပို့ ကုသခဲ့​သော်လည်း ဒီဇင်ဘာလ ၃ ရက်၊နံနက် ၁၀ နာရီခွဲခန့်တွင် ရရှိထားသော ဒဏ်ရာ  များကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
.
" လူနာက ဆေးရုံမှာ ရတဲ့ ဒဏ်ရာတွေနဲ့ ဆုံးသွားလို့ လူသတ်မှုအနေနဲ့ ပုဒ်မ ပြောင်း ဖွင့်ပါတယ်။ စုံစမ်းစစ်ဆေးနေပါတယ်" ဟု လားရှိုးနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ဇော်လှိုင်ထွန်းက ပြောသည်။
.
အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ လားရှိုးနယ်မြေ ရဲစခန်းတွင် (ပ)၁၆၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂​​ ဖြင့် အမှုဖွင့်လှစ်ပြီး တရားခံအား ဖမ်းဆီး ရမိ​ရေး စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.


No comments:

Post a Comment

Journal Download

Photo of three cats