စောဦး (ရတနာမြေ)
.
ကျောက်မဲခရိုင်၊ နမ္မတူမြို့၊ ပန်ဟိုက် (၃)
ရပ်ကွက်ရှိ ရွှေညောင်ပင်လမ်းသွယ် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများများ ဒီဇင်ဘာလ ၇
ရက်တွင် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
.
.အဆိုပါ ရွှေညောင်ပင်လမ်းသွယ်
ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို နမ္မတူမြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၀-၂၀၂၁
ဘဏ္ဍာရေးနှစ် ပထမ ၃ လပတ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ၉၈ ဒသမ ၇ သိန်းဖြင့်
ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နမ္မတူမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ
ဦးသက်နိုင်ထွန်း ထံက သိရသည်။
.
ရွှေညောင်ပင်လမ်းသွယ်သည် စုစုပေါင်း လမ်းအရှည်
၅၅၀ ပေ ရှိပြီး စည်ပင်သာယာရေးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် လမ်းအရှည် ၄၃၀ ပေ၊
ဒေသခံပြည်သူများ၏ ထည့်ဝင်ငွေဖြင့် လမ်းအရှည် ၁၂၀ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မ
ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment