ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် ဒီဇင်ဘာလ ၂၆ ရက်၊ ညပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား
၄၀၀၀ ကျော်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.အေးသာယာနယ်မြရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဒီဇင်ဘာလ
၂၆ ရက်၊ ည ၉ နာရီခွဲခန့်က အေးသာယာမြို့၊ အမှတ် (၉) ရပ်ကွက်နေ အောင်မျိုး (ခ) ဖိုးကူး
၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်တွင် ၎င်းနှင့်အတူ တစ်ရပ်ကွက်တည်းနေ ရဲမင်းသွေး
(ခ) အီဗရာဟိန်းတို့အား တွေ့ရှိပြီး အောင်မျိုး (ခ)ဖိုးကူး ၏ ဘောင်းဘီအိတ်ကပ်အတွင်းနှင့်
နေအိမ်အိပ်ခန်းအတွင်းတို့မှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့်
စိတ်ကြွရူးသွပ်ဆေးပြား ၄၂၅၀ ပြား၊ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၂ ဒသမ ၅ သိန်း နှင့်
မြန်မာငွေ ၁၃၅၀၀ ကျပ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ အောင်မျိုးနှင့်
ရဲမင်းသွေးတို့ ၂ ဦးအား အေးသာယာနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး
ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သိရသည်။
.