.
ငရုတ်သီးခြောက် ပေါ်ချိန်တွင် ဈေး မကျရန်အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်ရှိ ငရုတ်စိုက် တောင်သူများက မျှော်လင့်နေကြောင်း သိရသည်။
.
“ ပြီးခဲ့တဲ့ နိုဝင်ဘာလက ငရုတ်သီးခြောက် တစ်ပိဿာကို ငွေကျပ် ၄၀၀၀ ရောင်းရတယ်၊ အခု ၃၈၀၀ ပဲ ရတော့တယ်။ အခုလို ဈေးကောင်း
ရနေချိန် ငရုတ်သီးက အကုန် မခြောက်သေးဘူး။ ငရုတ်စိုက်တဲ့
လူတွေလည်း
ခြောက်အောင် နေလှန်းတုန်းပဲ ရှိသေးတယ်၊
အကုန်လုံး မပေါ်သေးဘူး။ ငရုတ်သီး ခြောက်လို့ ရောင်းရချိန် ရောက်တော့မှ ဈေး ကျသွားမှာ ကြောက်တယ်။”
ဟု ပင်လောင်းမြို့နယ်၊ ပေါ့အင်ကျေးရွာအုပ်စု၊ မြင်းမထိတောင်ရွာမှ ငရုတ်စိုက်တောင်သူ နန်းခမ်းမွန်က
ပြောသည်။
.
ငရုတ်သီးအခြောက်သည် နီရဲ၍ အသီးလှနေမှသာ ဈေး ပိုရပြီး နည်းပညာများလည်း လိုအပ်ကြောင်းနှင့် လက်ရှိ၌ ငရုတ်သီးကို အခြောက်ခံရာတွင် မိုးကာများ၊ ဖျာများပေါ်တွင် နေလှန်ခြင်းနှင့် အိမ်မိုး သွပ်များပေါ်တွင် နေလှန်းနေရကြောင်း ၎င်းက ရှင်းပြသည်။
.
ပင်လောင်းမြို့နယ် အတွင်းရှိ ပေါ့အင်ကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာအုပ်စု၊ လွယ်မောကျေးရွာအုပ်စု၊ တီကျစ်ကျေးရွာအုပ်စုနှင့် ဘန့်ပြင်ကျေးရွာအုပ်စုတို့တွင် ငရုတ်ကို စီးပွားဖြစ် အများဆုံး စိုက်ပျိုးကြပြီး ကျန်ကျေးရွာအုပ်စုများတွင်လည်း ငရုတ်ကို အနည်းအကျဉ်း စိုက်ပျိုးကြကြောင်း သိရသည်။
.