မိုင်းထွန်း
.
ကျောက်မဲမြို့နယ်၊ ခေးနင်းကျေးရွာအုပ်စု၊ ခေးနင်းကျေးရွာနှင့် ဖီတင်(အောက်) ကျေးရွာတို့၌ ဒီဇင်ဘာလ ၁၁ ရက်မှ စ၍ လျှပ်စစ်မီး ရရှိပြီဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ခေးနင်းကျေးရွာနှင့် ဖီတင်(အောက်) ကျေးရွာ လျှပ်စစ်ဓါတ်အား ရရှိရေးအတွက် ရှမ်းပြည်နယ်အစိုးရ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေ ၉၆ ဒဿမ ၉၇၃ ကျပ်သန်းဖြင့် ET & Associates ကုမ္ပဏီက တင်ဒါအောင်မြင်၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ခေးနင်းကျေးရွာအတွက် ၁၁ ကေဗွီ ACSR ဓါတ်အားလိုင်း ၀ ဒသမ ၇ မိုင်၊ ၁၁/၀ ဒသမ ၄ ကေဗွီ (၅၀)ခွဲရုံ ၁ ရုံ၊ ၄၀၀ ဗို့ AAC ဓါတ်အားလိုင်း ၀ ဒသမ ၄ မိုင်နှင့် ဖိတင်(အောက်)ကျေးရွာအတွက် ၁၁ ကေဗွီ ACSR ဓါတ်အားလိုင်း ၀ ဒဿမ ၆ မိုင်၊ ၁၁/၀ဒဿမ ၄ ကေဗွီ (၅၀) ကေဗွီအေခွဲရုံ ၁ ရုံ ၊ ၄၀၀ ဗို့ AAC ဓါတ်အားလိုင်း ၀ ဒဿမ ၄ မိုင်တို့ကို တည်ဆောက် ပေးခဲ့ခြင်း ဖြစ်ကာ ကျေးရွာနေ ပြည်သူများ လျှပ်စစ်ကို အန္တရာယ်ကင်းစွာ အသုံးပြုတတ်စေရေးအတွက် အသိပညာ ပေးခြင်း လုပ်ငန်းများအား မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးသောင်းလွင်ဦး နှင့် ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။
.
ခေးနင်းကျေးရွာတွင် အိမ်ခြေ ၇၀ ၊ ဖီတင်(အောက်) ကျေးရွာတွင် အိမ်ခြေ ၃၆ ၊ စုစုပေါင်း အိမ်ခြေ ၁၀၀ ကျော် ရှိကြောင်း သိရသည်။