မင်းဇော်မင်း
.
နောင်ချိုမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင်
ယနေ့ ဒီဇင်ဘာလ ၈ ရက်၊ နံနက်အစောပိုင်းက ငွေကျပ်သိန်းပေါင်း ၂၀၀၀၀ ကျော် တန်ဖိုးရှိ
မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.မူးယစ်တပ်ဖွဲ့စု (၂၄) မှ တပ်ဖွဲ့ဝင်များ ပါဝင်သော
ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၈ ရက်၊ နံနက် ၁ နာရီခန့်က နောင်ချိုမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင်
စောင့်ဆိုင်းနေစဉ် သီပေါဘက်မှ နောင်ချိုမြို့ဘက်သို့ နောင်ချိုမြို့၊ ဇာတ်စုရပ်ကွက်နေ
မျိုးသူ မောင်းနှင်လာသော Toyota Dyna အမျိုးအစား မော်တော်ယာဉ်အား
မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် ပြောင်းဖူးအိတ်များဖြင့် ဖုံးအုပ်လျက်
သယ်ဆောင်လာသော အဝါရောင် ဆာလာအိတ်များအတွင်း WY စာတမ်းပါ မူးယစ်ဆေးဝါး
၂၀၄၄၀၀၀၀၀၀ ပြား၊ တစ်ပြားလျှင် ကျပ် ၁၀၀၀ နှုန်းဖြင့် ငွေကျပ် သိန်းပေါင်း ၂၀၄၄၀ အား
ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူ မျိုးသူအား
နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့်
အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.