မိုင်းထွန်း (ကျောက်မဲ)
.
ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာအုပ်စု၊ အောင်မြေသာယာကျေးရွာသစ်၊
ပလောင်ငြိမ်းချမ်းရေးကုန်း မူလတန်းကျောင်း ကျောင်းဆောင်သစ်အား နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး (ပြည်ထောင်စု)
ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
.
အဆိုပါ ကျောင်းဆောင် ဆောက်လုပ်မည့် နေရာကို ဒီဇင်ဘာလ
၁၃ ရက်၊ နံနက်ပိုင်းက ကျောက်မဲခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်၊ ခရိုင်ကြီးကြပ်ရေးမှူး
ဦးကျော်သက်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မြေသန့်/ပန္နက်ရိုက် ခြင်းများ
ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
ဆောက်လုပ်မည့် ကျောင်းဆောင်သစ်သည် အလျား ၁၂၀ ပေ၊
အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေရှိ RC တစ်ထပ် အဆောက်အဦ ဖြစ်ပြီး Polar
Star ကုမ္ပဏီမှ ငွေကျပ် ၁၁၄ ဒသမ ၁၂၇ သန်းဖြင့်
တင်ဒါအောင်မြင်ခဲ့ကြောင်း သိရသည်။
.
အောင်မြေသာယာရွာသစ်ရှိ မူလကျောင်းဆောင်တွင် ကျောင်းသား/သူ ၁၂၀ ဦးကျော်
တက်ရောက်ပညာသင်ကြား လျက်ရှိပြီး ကျောင်းဆောင်သည် သက်တမ်းကြာမြင့်နေကာ ဥပဓိရုပ်မကောင်းတော့
သောကြောင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ
အသစ်ပြန်လည် တည်ဆောက်ပေးနိုင်ရေး ဆောင်ရွက်ပေးခြင်းဖြစ် ကြောင်း သိရသည်။
.