လူထုဗဟိုပြုစီမံကိန်းမြို့နယ် အဖြစ် တန့်ယန်းမြို့နယ်အား ထပ်မံ ရွေးချယ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, December 5, 2020

လူထုဗဟိုပြုစီမံကိန်းမြို့နယ် အဖြစ် တန့်ယန်းမြို့နယ်အား ထပ်မံ ရွေးချယ်

တန့်ယန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၄ ရက်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်၏ ရုံးခန်းမ၌ Video Conferencing နစ် Online meeting ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

.

(Photo - MOI)

ယင်းအစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်းအား တန့်ယန်းမြို့နယ်ကို ထပ်မံ ရွေးချယ်ပြီး ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်း အကောင်အထည် ဖော်နိုင်ရန်အတွက် စီမံကိန်းအကြောင်း မိတ်ဆက် ဆွေးနွေးကြခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

.

ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များတွင် ပူးပေါင်းပါဝင် အားဖြည့် ပေးသည့်အနေဖြင့် ၂၀၁၃-၂၀၁၄ ခု ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ကမ္ဘာ့ဘဏ်က ထောက်ပံ့ငွေ၊ ချေးငွေ၊ အီတလီအစိုးရမှ အတိုးမဲ့ နှစ်ရှည် ချေးငွေနှင့် ပြည်ထောင်စုအစိုးရမှ ထည့်ဝင်ငွေများဖြင့် မြန်မာနိုင်ငံတွင် လူထုဗဟိုပြုစီမံကိန်း (Community Driven Development- CDD Project)ကို တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်ပေါင်း ၆၃ မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပြီး စီမံကိန်း၏ အောင်မြင် အကျိုးဖြစ်ထွန်းမှုများကြောင့် ယခုစီမံကိန်း သတ္တမနှစ်စက်ဝန်းတွင် မြန်မာနိုင်ငံ အတွင်း မြို့နယ်ပေါင်း ၁၃ မြို့နယ် တိုးချဲ့ဆောင်ရွက်ရန် လျာထားသည့်နေရာတွင် ရှမ်းပြည်နယ်မှ တန့်ယန်းမြို့နယ်ကို ထပ်မံတိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”ဟု ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က ပြောသည်။

.

ရှမ်းပြည်နယ်အတွင်းလူထုဗဟိုပြုစီမံကိန်းကို နမ့်ဆန်မြို့နယ်တွင် ၂၀၁၃-၂၀၁၄ ခု ဘဏ္ဍာရေးနှစ်က စတင်ပြီး ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ စီမံကိန်း လုပ်ငန်းခွဲပေါင်း ၄၆၁ ခုကို လည်းကောင်း၊ ဆီဆိုင်မြို့နယ်တွင် ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်အထိ ၄ နှစ်အတွင်း လုပ်ငန်းခွဲပေါင်း ၇၂၃ ခုကို လည်းကောင်း၊ မောက်မယ်မြို့နယ်၊ မဘိမ်းမြို့နယ်၊ မိုင်းခတ်မြို့နယ်များတွင် ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် တတိယစက်ဝန်းအထိ လုပ်ငန်းခွဲပေါင်း ၄၂၁ ခုကို လည်းကောင်း အသီးသီး ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း ပြည်နယ်အစိုးရ၏ ထုတ်ပြန်ချက် သတင်းတွင် ဖော်ပြပါရှိသည်။

.

လူထုဗဟိုပြုစီမံကိန်း အဖြစ် ရှမ်းပြည်နယ်အတွင်း၌ လမ်း၊ တံတား၊ ရေ၊ မီး၊ ပညာရေး၊ ကျန်းမာရေး စသည့် အခြေခံအဆောက်အဦ စီမံကိန်း လုပ်ငန်းခွဲ စုစုပေါင်း ၁၆၀၅ ခုအား စီမံကိန်းထောက်ပံ့ ရန်ပုံငွေကျပ်  ၁၄၄၈၆ ဒသမ ၂၅ သန်း၊ ကျေးရွာပြည်သူ ထည့်ဝင်ငွေ ငွေကျပ် ၁၁၅၁ ဒသမ ၁၅ သန်း၊ စုစုပေါင်း ငွေကျပ် ၁၅၆၃၇ ဒသမ ၄ သန်းဖြင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

.

လူထုဗဟိုပြုစီမံကိန်းသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း ဖြစ်ကာ စီမံကိန်း၏ ရည်ရွယ်ချက်မှာ ကျေးလက်ပြည်သူလူထုအတွက် အဓိက ကျသော အခြေခံ အဆောက်အအုံများနှင့် ဝန်ဆောင်မှုများကို လူထုဗဟိုပြု ချဉ်းကပ်နည်းဖြင့် အလွယ်တကူ ရယူအသုံးပြုနိုင်စေရန် ဖြစ်ပြီး ယင်းစီမံကိန်းကို ၂၀၁၃ ခုနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်သည်။

No comments:

Post a Comment

Journal Download

Photo of three cats