အောင်ပန်းတွင် မယ်ခိုတောင်ဘုန်းတော်ကြီးကျောင်း အမည်ခံကာ လိမ်လည်ငွေကောက်ခံသူ ၂ ဦးကို ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းတွင် မယ်ခိုတောင်ဘုန်းတော်ကြီးကျောင်း အမည်ခံကာ လိမ်လည်ငွေကောက်ခံသူ ၂ ဦးကို ဖမ်းမိ

မင်းဇော်မင်း

.

ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် မယ်ခိုတောင် သဘာဝရိပ်သာ ဘုန်းတော်ကြီးကျောင်း အမည်ခံကာ လိမ်လည် ငွေကောက်ခံနေသူ ၂ ဦးကို ဒီဇင်ဘာလ ၇ ရက်၊ နေ့လယ်ပိုင်းက ငွေပြေစာ ဖြတ်ပိုင်းစာအုပ်များနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

.

.

မယ်ခိုတောင် သဘာဝရိပ်သာ ဘုန်းတော်ကြီးကျောင်း ဂေါပကအဖွဲ့ဝင်များနှင့် အောင်ပန်းမြို့၊ ညောင်ပင်ထောင် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့သည် ဘုန်းတော်ကြီးကျောင်း အမည်ခံ၍ လိမ်လည်အလှူခံနေကြောင်း သတင်းအရ လိုက်လံရှာဖွေရာ ဒီဇင်ဘာလ ၇ ရက်၊ နေ့လယ် ၁ နာရီခွဲခန့်တွင် အောင်ပန်းမြို့၊ အမှတ် (၄) ရပ်ကွက်၊ ပြည်ထောင်စု လမ်းမကြီး ဈေးဆိုင်များအတွင်းသို့ အလှူခံနေသော အမျိုးသား ၂ ဦးအား တွေ့ရှိသဖြင့် စစ်ဆေးရာ ၎င်းတို့မှာ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်၊ မီးရထားဝင်းနေ တရုတ်ကြီး (ခ) ကျော်သူရနှင့် အောင်ဆန်းလင်းတို့ ဖြစ်ကြပြီး ၎င်းတို့ထံမှ မယ်ခိုတောင် သဘာဝရိပ်သာ ဘုန်းတော်ကြီးကျောင်း အမည်ပါ အလှူခံဖြတ်ပိုင်းစာအုပ် ၂ အုပ်နှင့် ငွေကျပ် ၅၀၀၀ တို့ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“ဆရာတော်တွေ ကိုယ်တိုင်စစ်မေးမှ အမှန်ပြောတာ။ လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတည်းက သတင်းကြားနေတာ။ ကုန် သွားတဲ့ ဖြတ်ပိုင်းစာအုပ် ၂ အုပ်ကို ရေချောင်းထဲ မျှောလိုက်ပြီလို့ ပြောတယ်။ ခွင့်လွှတ်လို့မရတဲ့ကိစ္စ ဖြစ်လို့ ရဲစခန်း အပ်ပြီး အမှုဖွင့်ခဲ့တာပါ” ဟု အောင်ပန်းမြို့၊ မယ်ခိုတောင် သဘာဝရိပ်သာကျောင်း ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးရန်အောင်မြင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ သဘာဝရိပ်သာ ဘုန်းတော်ကြီးကျောင်း အမည်ခံကာ လိမ်လည်အလှူငွေကောက်ခံခဲ့သူ ၂ ဦးကို အောင်ပန်း နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats