အောင်ပန်းတွင် ဆိုင်ကယ် ၂ စီး တိုက်မိပြီး အမျိုးသား ၂ ဦး ဒဏ်ရာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းတွင် ဆိုင်ကယ် ၂ စီး တိုက်မိပြီး အမျိုးသား ၂ ဦး ဒဏ်ရာရ

ခွန်သန်းအောင်

.

ကလောမြို့နယ်၊ အောင်ပန်းမြို့၊ မိုးကောင်းရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဒီဇင်ဘာလ ၅ ရက်၊ ညနေပိုင်း က ဆိုင်ကယ် ၂ စီး တိုက်မိပြီး အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

.

.

အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်နေ တင်မျိုးအောင် မောင်းနှင်ပြီး နောက်တွင် ရဲကိုကိုထွန်း လိုက်ပါစီးနင်းလာသော TOYOMAX-125 မော်တော်ဆိုင်ကယ်သည် ဒီဇင်ဘာလ ၅ ရက်၊ ညနေ ၆ နာရီခွဲခန့်က ပြည်ထောင်စုလမ်းမကြီး အတိုင်း အောင်ပန်းဘက်မှ ဟဲဟိုးဘက်သို့ မောင်းနှင်လာစဉ် အောင်ပန်းမြို့၊ မိုးကောင်းရပ်ကွက်၊ နန်းချစ်စိန်ဆန်စက်ဝင်းရှေ့ အရောက်တွင် အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်နေ စိုင်းကိုစင် မောင်းနှင်လာသော LOUJIA-110 ဆိုင်ကယ် သည် ဆန်စက်ဝင်းမှ ပြည်ထောင်စုလမ်းမကြီးပေါ်သို့ ဖြတ်ထွက်ရာ ဆိုင်ကယ် ၂ စီး ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ယာဉ်တိုက်မှုကြောင့် တင်မျိုးအောင်တွင် ဦးခေါင်းထိပ် ပေါက်ပြဲဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ဝဲဘက်ခြေမ ပေါက်ပြဲဒဏ်ရာ၊ စိုးရိမ်ရ၊ စိုင်းကိုစင်တွင် ဦးခေါင်းနောက်စေ့ ဖူးယောင်ဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ၊ စိုးရိမ်ရ ရရှိခဲ့ကြောင်း သိရသည်။

.

အဆိုပါ ယာဉ်တိုက်မှုနှင့် ယာဉ်အား မဆင်မခြင်မောင်းနှင်ပြီး ဦးစားပေးယာဉ်အား စောင့်ဆိုင်းခြင်းမရှိဘဲ ပြည်ထောင်စု လမ်းမကြီးပေါ်သို့ ဖြတ်ထွက်စဉ် ဝင်ရောက်တိုက်မိသဖြင့် မိမိကိုယ်တိုင်နှင့် အခြားသူအား ထိခိုက်ဒဏ်ရာရရှိစေသူ ဆိုင်ကယ်ယာဉ်မောင်း စိုင်းကိုစင်အား အောင်ပန်းနယ်မြေရဲစခန်းတွင် ယာဉ် (ပ)၆၀/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats