စိုင်းမျိုးသန့် (မောက်မယ်)
.
လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဆိုင်ကျေးရွာအုပ်စု၊
မိုင်းယွန်းကျေးရွာတွင် နှစ် ၃၀ ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့ ဒီဇင်ဘာလ
၂၄ ရက်က မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ဝန်ထမ်းများမှ ကွင်းဆင်းတိုင်းတာ
ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
.ကျေးလက်နေပြည်သူများ မြေပိုင်ဆိုင်ခွင့်ရရှိရေး၊
လယ်ယာမြေပြဿနာများ နည်းပါးရေး၊ မြေယာလုပ်ထုံးလုပ်နည်း များအား
ပြည်သူများသိရှိစေရေး၊ ကျေးလက်နေပြည်သူများ စိတ်ပိုင်းနှင့်
ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုများပိုမိုရရှိရေး၊ နိုင်ငံတော်မှရသင့်ရထိုက်သော အခွန်ငွေများရရှိစေရေးအတွက်
ယင်းကဲ့သို့ ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး ကွင်းဆင်းတိုင်တာခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြေပြင်ထိမ်းမှတ်
(GCP) ပွိုင့်ချထားခြင်း၊ အမြဲမြေတိုင်း မှတ်တိုင်များ စိုက်ထူခြင်းနှင့်
ခေတ်မီမြေတိုင်းကိရိယာများဖြင့် မြေတိုင်းတာခြင်း လုပ်ငန်းများအား ကွင်းဆင်း ဆောင်ရွက်ပေးခဲ့
ကြောင်း သိရသည်။
.