တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက် အနောက်ဘက် တောင်‌စောင်း ချောက်အတွင်း ကိုရင်တစ်ပါး ပြုတ်ကျ ပျံလွန်တော်မူ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက် အနောက်ဘက် တောင်‌စောင်း ချောက်အတွင်း ကိုရင်တစ်ပါး ပြုတ်ကျ ပျံလွန်တော်မူ

ကမ္ဘောဇတိုင်း

.

တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ စတုဘုမ္မိကဘုန်းတော်ကြီးကျောင်းနှင့် မြစကြာဘုန်းတော်ကြီးကျောင်း အနောက်ဘက် တောင်စောင်း ချောက်အတွင်း ကိုရင်တစ်ပါး ပြုတ်ကျ ပျံလွန်တော်မူနေသည်ကို ယနေ့ ဒီဇင်ဘာလ ၁၇ ရက်က တွေ့ရှိခဲ့ရကြောင်း သိရသည်။

.

.

အခင်းဖြစ်ရာ နေရာသို့ တောင်ကြီးမြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်သန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ပေ ၁၀၀ ကျော်ခန့်နက်သည့် ချောက်ကမ်းပါး တောင်စောင်းသို့ ဆင်း၍ အလောင်းအား ဆယ်ယူပြီး တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

.

သေဆုံးသူ ကိုရင်သည် ဓမ္မဝိဟာရ ဘုန်းတော်ကြီးကျောင်းမှ သက်တော် ၁၇ နှစ်ရှိ ရှင်ဂုန ဖြစ်ပြီး ဒီဇင်ဘာလ ၁၄ ရက် ကတည်းက ကျောင်းမှ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်ကာ ရွာပြန်သည်အထင်ဖြင့် ကျောင်းရှိသံဃာများမှ လိုက်လံရှာဖွေမှု မပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ကိုရင် ရှင်ဂုန ပျံလွန်တော်မူခြင်းနှင့် ပတ်သက်၍ တောင်ကြီးနယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၂၅/၂၀၂၀ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.


Journal Download

Photo of three cats