ခွန်သန်းအောင်
.
ကလောမြို့နယ်၊ နန့်ပန်တက် COVID-19 စစ်ဆေးရေးဂိတ်ကို ကွင်းရှောင်ကာ ခရီးသည်များ တင်ဆောင်မောင်းနှင်သူ
အငှားယာဉ်မောင်း တစ်ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် ဖမ်းဆီးထားကြောင်း
သိရသည်။
,
.
“တရားစွဲတင်နိုင်ဖို့အတွက် ဒီနေ့
ကလောမြို့နယ်တရားရုံးမှာ ချုပ်ရီမာန် ယူပါတယ်။ ခရီးသည်တွေကိုတော့ ဓမ္မရတနာမှာ Quarantine
ထားထားတယ်” ဟု ကလောမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး လှနိုင်က
ပြောသည်။
.
ကလောမြို့မှ ၁၈ မိုင်ခန့်အကွာ၊ ဝက်ဖြူရေကျေးရွာအုပ်စု၊
နန့်ပန်တက်ကျေးရွာ၊ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် အမှတ်(၅၃/၄) တွင်
ရှမ်းပြည်နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့်
အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ဌာန ညွှန်ကြားချက်နှင့်အညီ
စစ်ဆေးရေးဂိတ်ဖွင့်လှစ်ဆောင်ရွက်နေသည့် ဌာနပေါင်းစုံ မှ ဒီဇင်ဘာ ၁၈ ရက်စစ်ဆေး
ဆောင် ရွက်နေစဉ် ဒီဇင်ဘာလ၁၈ ရက် ညနေ ၅ နာရီအချိန်ခန့်၌ ရန်ကုန်တိုင်းဒေသကြီး၊
မြောက်ဥက္ကလာပမြို့နယ်၊ စိန်ချယ် လမ်းနေ အငှားယာဉ်မောင်း ဇော်မျိုးနောင်သည်
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ သစ်ပုလွေကျေးရွာ ဘက်မှ ခရီးသည် ၄ ဦးကို COVID-19
ဆိုင်ရာ ကျန်းမာရေး ထောက်ခံချက်များမပါရှိဘဲ တင်ဆောင်လာပြီးနောက်
နန့်ပန်တက် စစ် ဆေးရေးဂိတ်ကို ကွင်းရှောင်စေကာ စစ်ဆေးရေးဂိတ်ကျော်လွန်မှ
ခရီးသည်များအား ယာဉ်ပေါ်တက်စေပြီး တောင်ကြီးဘက်သို့ မောင်းနှင်ထွက်ခွာသွားကြောင်း
စစ်ဆေးတွေ့ရှိရသဖြင့် ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်ကိုသိရှိလျက်နှင့်
တမင်ပျက်ကွက်ကျူးလွန်ဖောက်ဖျက်သူ ယာဉ်မောင်း ဇော်မျိုးနောင်အား ဖမ်းဆီးအရေးယူခဲ့ကြောင်း
သိရသည်.
.
အဆိုပါ အငှားယာဉ်မောင်းအား ကလောမြို့မရဲစခန်းမှ (ပ)၁၇၆/၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅အရ အမှုဖွင့်အရေးယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း
သိရသည်။
.