ရှမ်းပြည်နယ် သယံဇာတဝန်ကြီးအား အင်းလေးဒေသ အရပ်ဖက်အဖွဲ့များနှင့် ဒေသခံများက ကန့်ကွက် ရှုတ်ချကြောင်း ကြေညာချက် ထုတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ရှမ်းပြည်နယ် သယံဇာတဝန်ကြီးအား အင်းလေးဒေသ အရပ်ဖက်အဖွဲ့များနှင့် ဒေသခံများက ကန့်ကွက် ရှုတ်ချကြောင်း ကြေညာချက် ထုတ်

မင်းဇော်မင်း

.

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးအား အင်းလေးဒေသရှိ အရပ်ဖက်အဖွဲ့အစည်းများနှင့် ဒေသခံများက ကန့်ကွက်ရှုတ်ချကြောင်း ဒီဇင်ဘာလ ၆ ရက်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

.

ယင်းကြေညာချက်တွင် အင်းလေးကန်ထိန်းသိမ်း ကာကွယ်ရေး နည်းဥပဒေ ရေးဆွဲ ထုတ်ပြန်နိုင်ရေးအတွက်  ရှမ်းပြည်နယ်သစ်တောဦးစီးဌာနမှ အင်းလေးကန်ဒေသနှင့် အင်းလေးကန် ရေဝေရေလဲ ဒေသမှ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံ လူထုကိုယ်စားလှယ်များအား စက်တင်ဘာ၁ ရက်တွင် လည်းကောင်း၊ ဒီဇင်ဘာ၁ ရက်တွင် လည်းကောင်း နှစ်ကြိမ်တိုင် ဖိတ်ကြားခဲ့သော်လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၏ ညွန်ကြားချက်ဖြင့် ဆွေးနွေးပွဲ နီးကပ်ချိန်ရောက်မှ တက်ရောက်ရန် မလိုကြောင်း အကြောင်းကြားခဲ့ခြင်းကို ပြုလုပ်ခဲ့သည့် လုပ်ရပ်သည် တက်ရောက်လာသည့် အဖွဲ့အစည်းများနှင့် လူထုကိုယ်စားလှယ်များကို လေးစားမှု မရှိသော လုပ်ရပ်ဖြစ်ပြီး ဂုဏ်သိက္ခာများကိုလည်း ထိခိုက်စေခဲ့သည်ဟု ယင်း အရပ်ဘက် အဖွဲ့အစည်းများနှင့် ဒေသခံများက ဆိုသည်။

.



 

လူထုက တင်မြှောက်လိုက်တဲ့ သူတွေက လူထုရဲ့အသံကို နားထောင်ဖို့ လိုပါတယ်ရင်ဘတ်နဲ့ နှုတ်နဲ့ မတူသလို ဖြစ်နေတယ်CSO တွေ အားကောင်းဖို့ ပြောပြီး လက်တွေ့မှာ ဖိနှိပ်ထားသလို မြင်တယ်ဒါကြောင့် ဒီကြေညာချက်ကို အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေ တိုင်ပင်ပြီး ထုတ်တာပါ လူတစ်ဦး တစ်ယောက်ကို မုန်းတီးတာ မဟုတ်ဘဲ ပြင်စေချင်တာပါ။” ဟု အင်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဦးတက်ထွန်းက ပြောသည်။

.

ထို့အတူ ICDO မှ အကြံပေး ဦးအောင်တင်ကလည်း အင်းလေးကန် ထိန်းသိမ်းရေး နည်းဥပဒေကို ကျွန်တော်တို့တွေ ဆွဲခဲ့ကြတယ်လုပ်နည်း မှန်ကန်ဖို့ လိုအပ်တာ ဖြစ်လို့ အားလုံး တိုင်ပင်ပြီး လုပ်ဖို့ လိုအပ်တာ ဖြစ်လို့ အစည်းအဝေးတွေမှာ ပူးပေါင်း လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ခဲ့ကြပေမယ့် အစည်းအဝေး လုပ်ခါနီးမှ မလိုတော့ဘူးဆိုတော့ ဒါက အင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ဖို့ကို ဒေသခံတွေ ပါစရာ မလိုဘူး ဆိုတဲ့သဘော ဖြစ်နေတယ်၊ ဒါကို တာဝန်ရှိသူတွေ သိအောင် ကြေညာချက်ကို ထုတ်ရတာ ဖြစ်တယ်။” ဟု ပြောသည်။

.

ယင်းကဲ့သို့ပင် ICDO မှ အဖွဲ့ဝင် တစ်ဦးကလည်း  ဌာနဆိုင်ရာတို့ အစိုးရတို့ ဆိုတာက ၅ နှစ် တစ်ကြိမ်လောက် ပြောင်းလဲမှာလေ၊ ဒေသခံတွေက သူ့ဒေသ ကောင်းကျိုးအတွက် အမြဲတမ်းလို ပါဝင် လုပ်ဆောင်နိုင်မှာဒါကို ဒီလို ဆက်ဆံခံနေရတယ်ဆိုတာ သိအောင် ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်။” ဟု ဆိုသည်။

.

အဆိုပါ ထုတ်ပြန်ချက်တွင် အပိုဒ် ၇ ပိုဒ် ပါရှိပြီး ရှမ်းပြည်နယ် သယံဇာတဝန်ကြီး၏ လုပ်ကိုင်ပြုမူ ဆောင်ရွက်နေခြင်းများစီမံညွှန်ကြား ဆောင်ရွက်နေခြင်းများကို အင်းလေးဒေသ အရပ်ဖက် အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချကြောင်း၊ ပြည်ထောင်စုအစိုးရ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူများ အနေဖြင့် အဆိုပါဝန်ကြီးကို ၎င်း၏ ဆောင်ရွက်မှုများအတွက် ပြန်လည် တောင်းပန်စေခြင်း၊ လာမည့် အစိုးရသက်တမ်းအတွင်း ထပ်မံ တာဝန်ပေးခြင်းများ မပြုလုပ်စေခြင်းတို့ဖြင့် ဆောင်ရွက်နိုင်ရန် တိုက်တွန်းပါကြောင်း ဖော်ပြပါရှိသည်။

.

ယင်း ထုတ်ပြန်ချက်အား ထောက်ခံသည့် လက်မှတ်များ ကောက်ခံလျက် ရှိရာ ယနေ့ ဒီဇင်ဘာလ ၆ ရက်အထိ လူ ၃၀၀ ဦးကျော်က ပါဝင် လက်မှတ်ရေးထိုးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

Journal Download

Photo of three cats