မိုင်းယောင်းမြို့နယ်တွင် ဘိန်းစိုက်ခင်းများ ဖျက်ဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

မိုင်းယောင်းမြို့နယ်တွင် ဘိန်းစိုက်ခင်းများ ဖျက်ဆီး

တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒီဇင်ဘာလ ၂၀ ရက်က ဘိန်းစိုင်းခင်း တစ်ဧကခန့်ကို ရဲတပ်ဖွဲ့က ဖျက်ဆီးခဲ့ကြောင်း သိရသည်။

.


တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရဲနိုင်အောင်နှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဒီဇင်ဘာ ၂၀ ရက်က မိုင်းယောင်းမြို့နယ် ဖတ္တူကျေးရွာ၏ အနောက်တောင်ဘက် မိုင်ခန့် အကွာ၌ အမြင့် တစ်လက်မခန့်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း တစ်ဧကခန့်အား ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း မိုင်းယောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

.

မိုင်းယောင်းမြို့နယ်သည် မြန်မာနိုင်ငံ၏ အရှေ့ဖျားပိုင်းတွင် တည်ရှိ၍ အရှေ့ဘက်တွင် လာအိုနိုင်ငံနှင့် ၆၃ ဒသမ ၉ မိုင် နယ်နိမိတ်ချင်း ထိစပ်နေလျက်ရှိသော နယ်စပ်မြို့နယ် ဖြစ်သည်။

Journal Download

Photo of three cats