ကျောက်တလုံးကြီးသစ်တောဦးစီးဌာနမှ ပြည်သူများသို့ အခမဲ့ဖြန့်ဝေနိုင်ရန် ပျိုးပင် ၂၈၀၀၀ ပျိုးထောင်ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်တလုံးကြီးသစ်တောဦးစီးဌာနမှ ပြည်သူများသို့ အခမဲ့ဖြန့်ဝေနိုင်ရန် ပျိုးပင် ၂၈၀၀၀ ပျိုးထောင်ထား

မြဝင်း (ကျောက်တလုံးကြီး)

.

တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ သစ်တောဦးစီးဌာနမှ ၂၀၂၁ ခုနှစ် မိုးရာသီကာလတွင် ပတ်ဝန်းကျင် စိမ်းလန်း စိုပြေရေး၊ သစ်တောသစ်ပင်များပိုမိုစိုက်ပျိုးနိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဒေသခံပြည်သူများ အား အခမဲ့ဖြန့်ဝေပေးနိုင်ရန် ပျိုးပင်ပေါင်း ၂၈၀၀၀ ပျိုးထောင်ထားရှိထားကြောင်း သိရသည်။

.

.

အဆိုပါ ပျိုးထောင်ထားရှိသည့် အပင်များမှာ ဒေသရာသီဥတုနှင့်ကိုက်ညီသည့် အပင်များဖြစ်သည့် ကျွန်း ၅၁၀၀ ပင်၊ လျော်ဖြူ ၁၃၀၀ ပင်၊ မန်ဂျင်းရှား ၁၀၀၀ ပင်၊ မယ်ဇလီ ၈၀၀ ပင်၊ ခါတော်မီ ၅၀၀ ပင်၊ ထင်းရှူး ၃၀၀ ပင်နှင့် နှစ်ရှည် သီးပင်၊ စားပင်ဖြစ်သော ဒန့်သလွန် ၁၀၀၀ ပင်၊ စိန်ပန်းနီ ၃၅၀၀ ပင်၊ စိန်တချု ၂၅၀၀ ပင်၊ စိန်ပန်းပြာ ၃၀၀ ပင်၊ နံ့သာနီ ၁၀၀၀ ပင်၊ မျောက်ငို ၂၇၀၀ ပင်၊ ထောပတ် ၆၀၀၀ ပင်၊ မက္ကဒေးနီးယား ၁၀၀၀ ပင်၊ ရေသင်းဝင် ၁၀၀၀ ပင် တို့ ဖြစ်ကြောင်း သိရသည်။

.

ကျောက်တလုံးကြီးမြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် သဘာဝပတ်ဝန်းကျင်စိုပြေရေးနှင့် ရာသီဥတုပြောင်းလဲ မှုကို ထိန်းညှိပေးနိုင်ရေးအတွက်ပျိုးထောင်ထားရှိသော အဆိုပါအပင်များကို ဒေသခံပြည်သူများ ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ အစုအဖွဲ့ပိုင်သစ်တောများတွင် စိုက်ပျိုးနိုင်ရန် အခမဲ့ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ကျောက်တလုံးကြီးမြို့၊ သစ်တောဦးစီးဌာန တာဝန်ခံ တောအုပ် ဦးဇော်မင်းကို ထံက သိရသည်။

.


Journal Download

Photo of three cats