ခွန်အောင် (နောင်တရား)
.
ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း ဖော်ဆောင်နေသည့်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ လွယ်မော ကျေးရွာအုပ်စု၊ မြေနီကုန်းကျေးရွာရှိ
ရွာတွင်းလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.မြေနီကုန်းကျေးရွာသည် ကျေးရွာသစ်လှုပ်ရှားမှု
စီမံကိန်းအဖြစ် ရွေးချယ်ခံရပြီးနောက် အဆိုပါကျေးရွာ၏ လူနေမှု ပတ်ဝန်းကျင်တိုးတက်ရေးကဏ္ဍအတွက်
အကျယ် ၁၅ ပေ၊ အရှည် ၂၀၀၀ ပေ၊ ထု ၆ လက်မ၊ ဘေးနှစ်ဘက် ရေမြောင်း ပါရှိသည့်
ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
.
ကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်းကို
ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဦး၊ ဒုတိယ ပြည်နယ်ဦးစီးမှူး
ဦးဇော်ဝမ်း၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးငြိမ်းထွန်း၊ ခရိုင်ဦးစီးမှူး
ဦးလှငြိမ်းနှင့် တာဝန်ရှိသူများက ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်တွင် သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့သည်ဟု
သိရသည်။
.
အဆိုပါ မြေနီကုန်းကျေးရွာတွင် အိမ်ထောင်စု ၁၀၈ စု
ရှိပြီး စုစုပေါင်းလူဦးရေမှာ ၄၃၉ ဦးရှိကြောင်း သိရသည်။
.
စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် ကျေးရွာသစ်
လှုပ်ရှားမှုစီမံကိန်းအတွက် ရှမ်းပြည်နယ်အတွင်း လွိုင်လင် မြို့နယ်မှ
ကောင်းပုံကျေးရွာ၊ ပင်လောင်းမြို့နယ်မှ မြေနီကုန်းကျေးရွာနှင့်
နောင်ချိုမြို့နယ်မှ ဝါးဘိုးကုန်းကျေးရွာများ အား ရွေးချယ်ထားခြင်းဖြစ်ကြောင်း သိရသည်။
.