လားရှိုးမြို့ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် ၂၈ ခုကို ဆိုင်ထိုင် စားသောက်သည့် စနစ်ဖြင့် ရောင်းချခွင့် ပြု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, December 5, 2020

လားရှိုးမြို့ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် ၂၈ ခုကို ဆိုင်ထိုင် စားသောက်သည့် စနစ်ဖြင့် ရောင်းချခွင့် ပြု

လားရှိုးမြို့ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် ၂၈ ခုကို ဒီဇင်ဘာလ ၅ ရက်မှ စတင်၍ ဆိုင်ထိုင် စားသောက်သည့် စနစ်ဖြင့် ပြန်လည် ရောင်းချခွင့် ပြုခဲ့ကြောင်း သိရသည်။

.

 

“ ဖွင့်ခွင့် ပြုလိုက်တာ ဟုတ်ပါတယ်။ ကျန်းမာရေးက ဖွင့်ခွင့် ပြုလိုက်ပြီဆိုပြီး စာထုတ်လိုက်ပြီ။ ကော်မတီ ဖွဲ့ပြီး စစ်ပြီးသွားပြီ။ A အဆင့် သတ်မှတ်တဲ့ ဆိုင်တွေကို Ready လုပ်ထားတာ၊ ကျန်းမာရေးဌာနက ဖွင့်ခွင့်ပြုပါပြီဆိုတဲ့ စာ ဝင်လာတဲ့အတွက် ကြော်ငြာစာတွေ ကပ်ပြီးတော့ ဖွင့်ခွင့် ပြုလိုက်တာ။” ဟု လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအာကာလင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ရှမ်းပြည်နယ် အတွင်းရှိ စားသောက်ဆိုင်များအား ဆိုင်ထိုင် စားသောက်ခွင့် ပြုရေးနှင့် ပတ်သက်၍ ကော်မတီဖွဲ့ကာ ပြန်လည် စိစစ်ပြီး ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့်သာ ဆောင်ရွက်သွားမည်ဟု ရှမ်းပြည်နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ထားကြောင်းလည်း သိရသည်။

.

ဒီဇင်ဘာလ ၄ ရက်မှာ ပြည်နယ် COVID-19 ကာ၊ ထိန်းကု ကော်မတီ အစည်းအဝေး လုပ်တယ်။ A အဆင့်ရတဲ့ ဆိုင်တွေကို ဖွင့်နိုင်/မဖွင့်နိုင်၊ စည်းကမ်းချက်တွေကို လိုက်နာနိုင်သလား ဆိုတာ အသေးစိတ် ပြန်လည် စိစစ်ပြီးမှ ကြေညာပါမယ်။ ဒီနေ့ပဲ ကော်မတီတစ်ခု ဖွဲ့ပါတယ်။ အဲဒီကော်မတီကနေ အစီရင်ခံစာ ထွက်လာပြီးမှ Cabinet (အစိုးရအဖွဲ့ ဝန်ကြီးများ အစည်းအဝေး) မှာ ပြန် ဆုံးဖြတ်မှာပါ။ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောဆိုထားသည်။

.

လားရှိုးမြို့ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် ၇၆ ဆိုင်အနက် A အဆင့် ရရှိသည့် ၂၈ ဆိုင်ကို ဆိုင်ထိုင် စားသောက်သည့် စနစ်ဖြင့် ပြန်လည် ရောင်းချခွင့် ပြုခဲ့ခြင်း ဖြစ်ကာ ကျန်ရှိသည့် ဆိုင်များကိုလည်း A အဆင့် ရရှိပါက ဆက်လက် ဖွင့်လှစ်ခွင့်ပြုသွားမည် ဖြစ်ကြောင်း လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats