မောက်မယ် မောက်စံဘုန်းတော်ကြီးကျောင်း ပြုပြင်မွမ်းမံရေးအတွက် မောက်မယ်ကိုးလန်စော်ဘွား၏ မျိုးဆက် မိသားစုဝင်များက အလှူငွေ လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မောက်မယ် မောက်စံဘုန်းတော်ကြီးကျောင်း ပြုပြင်မွမ်းမံရေးအတွက် မောက်မယ်ကိုးလန်စော်ဘွား၏ မျိုးဆက် မိသားစုဝင်များက အလှူငွေ လှူဒါန်း

စိုင်းဇော်လတ် (လင်းခေး)

.

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနဦးစီးဌာန၊ ရှေးဟောင်းအမွေအနှစ် သာသနိက အဆောက်အဦစာရင်းဝင် မောက်မယ်၊ မောက်စံဘုန်းတော်ကြီးကျောင်းဘက်စုံမွမ်းမံရေးအတွက် မောက်မယ် ကိုးလန်စော်ဘွားကြီး၏ ဆွေစဉ်မျိုးဆက်မိသားစုဝင်များက ဒီဇင်ဘာလ ၂၀ ရက်တွင် အလှူငွေများ သွားရောက် ဆက်ကပ်လှူဒါန်းခဲ့သည်ဟု သိရသည်။

.

.

ယင်းသို့လှူဒါန်းရာတွင် မောက်မယ်ကိုးလန်စော်ဘွားကြီး၏ ဆွေမျိုးတော်စပ်သူ၊ လင်းခေးဦးထွန်းမြင့် (ပင်လုံစာချုပ်) ၏ ဒုတိယသမီး ဒေါ်ခင်စောမြင့်က မောက်စံကျောင်းတော်ကြီး မူလအလှူရှင် ဘိုးဘွားများနှင့် ဆွေတော်မျိုးတော် များအား ရည်စူး၍ အလှူရှင်သားသမီး၊ မြေး၊မြစ်များ ကိုယ်စား ယခုကဲ့သို့လာရောက်လှူဒါန်းပေးခြင်း ဖြစ်ကြောင်း သိရသည်။

.

“အခုလိုလာရောက်ပြီး မောက်စံကျောင်းတော် ဘက်စုံမွမ်းမံရေးအတွက် သားသမီးများရဲ့ဆန္ဒအရ စုပေါင်းပါဝင် လှူဒါန်းငွေ စုစုပေါင်းကျပ် ၃၁ သိန်းကို လက်ရှိကျောင်းထိုင်ဆရာတော်နဲ့တကွ ဘက်စုံပြုပြင်မွမ်းမံရေးဂေါပကအဖွဲ့ဆီ သူတို့တတွေရဲ့ကိုယ်စား အဖွားကလာရောက်ပေးခြင်းပဲ ဖြစ်ပါတယ်။ အဖွားရဲ့ ဘိုးတော်ဘွားတော်တွေ အားလုံး ကလည်း ဒီကျောင်းကြီးကို စတင်တည်ဆောက်ဖို့ မူရင်းအလှူရှင်တွေဖြစ်တော့ သူတို့ကို အောက်မေ့သတိရရည်စူးပြီး လှူဒါန်းပေးရခြင်းဖြစ်ပါတယ်။ နောက်နောင်မှာလည်း ထပ်ပြီးလှူဒါန်းသွားနိုင်မယ်လို့ မျှော်မှန်းထားပါတယ်” ဟု ဒေါ်ခင်စောမြင့်က ပြောသည်။

.

အလှူရှင်များမှာ ဦးဝင်းမော်၊ ဒေါ်နန်းနေနွယ်မိသားစုမှကျပ် ၁ဝ သိန်း၊ ဒေါ်နန်းမြတ်နေနွယ်မှ ၃  သိန်း၊ (ဦးအောင်ချိုအေး)၊ ဒေါ်နန်းလှနေနွယ်တို့မှ ၅ သိန်း၊ ဦးမြတ်မော်၊ ဒေါ်နန်းစုအေး မိသားစုမှ ၄ သိန်း၊ ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်၊ ဒေါ်နေနွယ်ဝင်းမော် မိသားစုမှ ၃ သိန်း၊ ဦးဆက်လွင်မော်၊ ဒေါ်သက်သက်မွန် မိသားစုမှ ၅ သိန်း နှင့် အဖွား ဒေါ်ခင်စောမြင့်နှင့် မြေးတစ်စုတို့မှ ၁ သိန်း စုစုပေါင်း ငွေကျပ် ၃၁ သိန်း ဖြစ်ကြောင်း သိရသည်။

.


Journal Download

Photo of three cats