မိုင်းထွန်း (ကျောက်မဲ)
.
ကျောက်မဲမြို့နယ်၊ မိုင်းငေ့ါမြို့၊ မန်ဟွေ-ချုံးဟောင်းကျေးရွာချင်းဆက်
မြေသားလမ်း ဖောက်လုပ်မှု ၄၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
.
.အဆိုပါ မန်ဟွေ-ချုံးဟောင်းကျေးရွာချင်းဆက် မြေသားလမ်းကို
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာန၏ ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ခွင့်ပြုဘဏ္ဍာရန်ပုံငွေ
၁၆၅ ဒသမ ၇၈၈ သန်း ဖြင့် တင်ဒါအောင်မြင်သော Polar Star ကုမ္ပဏီမှ
နိုဝင်ဘာ ၂၁ ရက်က စတင်ဆောင်ရွက်နေခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်း အပြီးဆောင်ရွက်ရန်
လျာထားကြောင်း သိရသည်။
.
ယင်း မန်ဟွေ-ချုံးဟောင်းကျေးရွာချင်းဆက် မြေသားလမ်း
ဖောက်လုပ်ပြီးစီးပါက ဒေသခံပြည်သူများ၏ လမ်းပန်း ဆက်သွယ်ရေး ချောမွေ့ အဆင်ပြေလာမည် ဖြစ်ပြီး
၎င်းတို့၏ ပညာရေး၊ ကျန်းမာ ရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည့်
လူနေမှုဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်း သိရသည်။
.
အဆိုပါ မြေသားလမ်း ဖောက်လုပ်နေမှုကို ယမန်နေ့ ဒီဇင်ဘာလ
၃၀ ရက်က ကျောက်မဲခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်သက်နှင့်
တာဝန်ရှိသူ များက ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ကူညီဆောင်ရွက်ပေး
ခဲ့ကြောင်းသိရသည်။
.