ကမ္ဘောဇတိုင်း
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊
ပေါင်းလောင်းကြိုးဝိုင်းအတွင်း ဒီဇင်ဘာလ ၅ ရက်က တရားမဝင်သစ် တန် ၁၀၀ ခန့်အား ပိုင်ရှင်မဲ့
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်
(CMRS) ဖြင့် သတင်းပေးပို့ချက်အရ တောင်ကြီးခရိုင်၊ ကလောမြို့နယ်
သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ
ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၅ ရက်က ကလောမြို့နယ်(ပူးတွဲ) ပင်လောင်း မြို့နယ်၊
ပေါင်းကြိုးဝိုင်းအကွက်အမှတ် (၁၅၃)အတွင်း တရားမဝင်အခြားသစ်လုံး/ခြမ်း/စိတ် ၁၁၉ လုံး
ခန့်မှန်း တန် ၁၀၀ ခန့်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဖမ်းဆီးရမိ သစ်များနှင့် ပတ်သက်၍ ဆက်စပ်ပတ်သက်သူများအား
စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.
No comments:
Post a Comment