မင်းဇော်မင်း
.
ညောင်ရွှေမြို့နယ်တွင် ရောက်ရှိနေပြီး COVID-19
ကြောင့် နေရပ်မပြန်နိုင်သည့် အီတလီနိုင်ငံသူတစ်ဦးမှ ယနေ့ ဒီဇင်ဘာလ ၇
ရက်၊ နံနက်ပိုင်းတွင် ကျေးရွာလူထုများအား ဆန်၊ ဆီ၊ ကြက်ဥ၊ အာလူး စသည့် စားနပ်ရိက္ခာများ
လှူဒါန်းခဲ့ကြောင်း သိရသည်။
.
.အဆိုပါ အီတလီနိုင်ငံသူ မြန်မာအမည် မနော်နော်သည်
ညောင်ရွှေမြို့နယ်အတွင်းရှိ လူဦးရေ ၂၀၀ အား လှူဒါန်းခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါလှူဒါန်းမှုကို
သွားရောက်ကူညီခဲ့သည့် ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးက ထံက
သိရသည်။
.
“သူက COVID-19 ကြောင့်
ပိတ်မိနေတာမှာ အီတလီက မိဘ ဆွေမျိုးတွေနဲ့အဆက်အသွယ်ယူပြီး အခုလို လှူဒါန်း တာလို့
သိရတယ်။ အခုလှူတဲ့ပစ္စည်းတစ်မျိုးစီကို လူတစ်ယောက် တစ်ကီလိုစီလှူတယ်လို့သိရတယ်။
သူ့အလှူကို ကျွန်တော်တို့ သွားကူကြတာပါ” ဟု ဦးနေမျိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အီတလီနိုင်ငံသူ မနော်နော်သည် လက်ရှိတွင်
ညောင်ရွှေမြို့ ရှိ Sound of Traval ဟိုတယ်၌ တည်းခိုနေပြီး အပတ်စဉ်
တနင်္လာနေ့တိုင်း ၃ လ (၁၂ ပတ်) တိတိ အခြားရွာများသို့
သွားရောက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment