မင်းဇော်မင်း
.
လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ လီဆူတိုင်းရင်းသား
အများစု နေထိုင်ရာ ဝိုးလိုင်းကျေးရွာအုပ်စု၊ ရွာသာယာ ကျေးရွာအတွင် လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေနှင့်
ကုမ္ပဏီများ၏ လှူဒါန်းမှုဖြင့် မြေညှိခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများကို
ဆောင်ရွက်ခဲ့ရာ ယနေ့ ဒီဇင်ဘာလ ၈ ရက်တွင် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မြေညှိလမ်းခင်းခြင်းအတွက် လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေမှ
ငွေကျပ် သိန်း ၅၀ နှင့် ကုမ္ပဏီများမှ လှူဒါန်းငွေ ကျပ်သိန်း ၁၀၀ ကျော်တို့ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
“အရင်က ရွာကိုတက်ဖို့ လမ်းမကောင်းဘူး။ အခု ကွန်ကရစ်
၂ ဘီးသွားလမ်း တည်ဆောက်ပေးခဲ့တော သွားလာရတာ လွယ်ကူသွားပြီ။ လျှပ်စစ်မီးလည်း ပြည်နယ်အစိုးရရန်ပုံငွေနဲ့
၄၀၀ ဗို့ ရပြီဆိုတော့ ဒေသခံတွေ ပျော်နေကြတယ်” ဟု မိုင်းပန်မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးစိုးမင်းထက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်း ရွာသာကျေးရွာသည် မိုင်းပန်-တာဆန်း-မိုင်းတုံလမ်းဘေးတွင်
တည်ရှိပြီး သံလွင်မြစ်ကူးတံတား (တာဆန်း) အသစ် တည်ဆောက်ပြီးစီးပါက ရှမ်းပြည်နယ်တောင်ပိုင်းနှင့်
အရှေ့ပိုင်း ဆက်သွယ်ရေးလမ်းကြောင်းတွင် တစ်ထောက်နားရာနေရာအဖြစ် ခရီးသွားလုပ်ငန်းများ
ပိုမိုလုပ်ဆောင်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
.
ယခု ဖောက်လုပ်ပေးခဲ့သည့် ၂ ဘီးသွား ကွန်ကရစ်လမ်းမှာ
အရှည် ၇၀၀ ပေ၊ အကျယ် တစ်ဘက် ၃ ပေရှိပြီး ရွာသာကျေးရွာတွင် အိမ်ခြေ ၄၀၊ အိမ်ထောင်စု
၄၀ နှင့် လူဦးရေ ၁၇၆ ဦး ရှိကြောင်း သိရသည်။
.