ရှမ်းပြည်နယ်အတွင်းရှိ “A” အဆင့်ရ စားသောက်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အတွင်းရှိ “A” အဆင့်ရ စားသောက်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုမည်

စုလှိုင်

.

ရှမ်းပြည်နယ်အတွင်းရှိ “A” အဆင့်ရ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များအား ဒီဇင်ဘာလ ၂၃ ရက် မှ စတင်၍ ဆိုင်ထိုင် စနစ်ဖြင့် ပြန်လည်ရောင်းချခွင့် ပြုသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံက သိရသည်။

.



.

“မနက်ဖြန် (ဒီဇင်ဘာ ၂၃) ရက် ဆိုင်ထိုင်စားခွင့် ပြုမယ်။ ရှမ်းပြည်နယ် တစ်ခုလုံး အသွားအလာကန့်သတ် ထားတဲ့ ဒေသကလွဲလို့ပေါ့။ COVID-19 စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီပေါ့”ဟု ရှမ်းပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးနေလင်း က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့်ကာလ အတွင်း ရှမ်းပြည်နယ်အတွင်းရှိ စားသောက်ဆိုင်များအား ဆိုင်ထိုင်ရောင်းချခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုခဲ့ရာ ပြည်သူများ၏ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် သတ်မှတ်ချက်နှင့်ဆိုင်ထိုင်စနစ်ပြန်လည် ရောင်းချခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။

.

လက်ရှိဖြစ်ပွားနေသော COVID -19 ကူးစက်ရောဂါ ဖြစ်ပွားနေသည့် ကာလ အတွင်း စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များအား ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ညွန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

.


Journal Download

Photo of three cats