လာမည့် အစိုးရသစ် သက်တမ်း ၆ လအတွင်း သိသာထင်ရှားစွာ ပြောင်းလဲနိုင်မည့် လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှမ်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လာမည့် အစိုးရသစ် သက်တမ်း ၆ လအတွင်း သိသာထင်ရှားစွာ ပြောင်းလဲနိုင်မည့် လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှမ်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြော

ကမ္ဘောဇတိုင်း

.

လာမည့် အစိုးရသစ်သက်တမ်း ၆ လအတွင်း သိသာထင်ရှားစွာ ပြောင်းလဲနိုင်မည့် လုပ်ငန်းများ (Quick Win 100 Works) ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်က ပြောဆိုခဲ့သည်။

.

.

ထိုသို့ ဆောင်ရွက်ရာတွင် လူသွားလမ်းများ ကောင်းမွန်ရေး၊ တက္ကသိုလ်များတွင် ပျော်ရွှင်ဖွယ် Campus များ ပေါ်ပေါက်လာရေး၊ မြို့ပြအမှိုက်ကင်းစင်ရေး၊ CCTV များ တပ်ဆင်ရေး စသည့်လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးက ၎င်း၏ လူမှုကွန်ရက် (Facebook) မှ တစ်ဆင့် လူထုသို့ အသိပေး ပြောဆိုခဲ့ခြင်း ဖြစ်သည်။

.

ထို့အပြင် နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ၊ မိဘပြည်သူများ၊ စီးပွားရေးပညာရှင်များ အနေဖြင့် မည်ကဲ့သို့ လုပ်ဆောင်သင့်သည်ကို အကြံပြုနိုင်ကြောင်း ပြည်နယ်ဝန်ကြီးက ပြောဆိုထားသည်။

.

အလားတူ ပြည်နယ်ဝန်ကြီးက ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ကို လာမည့် ၃ နှစ်အတွင်း Smart City ဖြစ်အောင် ဖော်ဆောင် သွားမည် ဖြစ်သည်ဟု ပြီးခဲ့သည့် ဇွန်လအတွင်းက ပြောဆိုထားသည်။

.

လက်ရှိအစိုးရသက်တမ်းအတွင်း တောင်ကြီးမြို့အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ မြို့ပြဒေသများတွင် အဓိက လမ်းမကြီးများ အရည်အသွေး ကောင်းမွန်အဆင့်အတန်း မြင့်မားလာသော်လည်း ရပ်ကွက်တွင်းလမ်းများ၊ လမ်းသွယ် များတွင် ပြုပြင်ရန် လိုအပ်နေပြီး ရေနုတ်မြောင်းစနစ်များလည်း ပြုပြင်ရန် လိုအပ်နေကြောင်း ဒေသခံများ ထံက သိရသည်။

.

Journal Download

Photo of three cats