ညောင်‌ရွှေမြို့နယ်၊ အင်းတိန်ကျေးရွာမှ ကုမ္ပဏီဝန်ထမ်း ၂၂ ဦး လုပ်ခလစာ မရရှိသေး ဟုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ညောင်‌ရွှေမြို့နယ်၊ အင်းတိန်ကျေးရွာမှ ကုမ္ပဏီဝန်ထမ်း ၂၂ ဦး လုပ်ခလစာ မရရှိသေး ဟုဆို

စုလှိုင်

.

ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ဒေသ၊ တုံးလဲကျေးရွာအုပ်စု၊ အင်းတိန်ကျေးရွာတွင် ဘီလူးချောင်းရေအားလျှပ်စစ် စီမံကိန်းဖြင့် လုပ်ဆောင်နေသော စွမ်းအားသစ်အိုအေစစ်ဖွံ့ဖြိုး တိုးတက်မှု ကုမ္မဏီလီမီတတ်မှ ဝန်ထမ်း ၂၂ ဦးသည် ၆ လ လုပ်ခလစာ မရရှိသေးကြောင်း ဝန်ထမ်းများ ထံမှ သိရသည်။

.




.

BOT စနစ်ဆိုတော့ အစိုးရ ဘတ်ဂျက် နဲ့လုပ်တာ မဟုတ်တော့ ငွေရေးကြေးရေးက သူဌေးတွေအပေါ် မူတည်ပြီးမှ ထလုပ်လိုက်။ အဆင်ပြေတဲ့အချိန်ကြတော့လည်း ၂ လ နေမှ တစ်ခါပေး။ လကုန်မရဘူး။ ၁၅ ရက်လောက်မှ ၁၁ လပိုင်းလစာကို ၁၂ လပိုင်း ၁၅ ရက်နောက်ပိုင်းမှရတာ များတယ်။ ၁၁ လပိုင်း လစာကို ၂ လပိုင်းလောက် မှ ရတာရှိတယ်” ဟု စွမ်းအားသစ်အိုအေစစ်ဖွံ့ဖြိုး တိုးတတ်မှု ကုမ္မဏီလီမိတတ် မှ လက်ထောက် မန်နေဂျာ ဦးသိန်းထိုက်ဟန်က ကမ္ဘောဇတိုင်း သို့ ပြောသည်။

.

ယခု လက်ရှိ စီမံကိန်းတွင် ဝန်ထမ်း ၂၂ ဦး ရှိပြီး COVID- 19 ပထမလှိုင်း ဖြစ်ပွားစဉ် ဝန်ထမ်းများကို လစာမဲ့ဟု ပြောဆို သဖြင့် ဝန်ထမ်း ၂၂ ဦးမှ အခြေခံလစာ ပေးရန် တောင်းဆိုခဲ့ရာ စီမံကိန်းအတွင်းရှိ ဘိလပ်မြေ၊ သံချောင်းများ ထုတ်ရောင်းကာ ဝန်ထမ်း လစာ ပေးချေခဲ့ကြောင်း ၎င်းထံက သိရသည်။

.

“စားစရိတ်ဆိုရင် ၅ လပိုင်း ၁၄ ရက်လောက်တည်းက မလာတော့တာပါ။ ထမင်းစရိတ်ဆိုလည်း ၂ ပတ်စာ လွဲပေး လိုက်တာ။ နောက်ပိုင်း လုံးဝမလာတော့ဘူး။ ဖုန်းဆက်ပြောလည်း ဘောလီဘောရိုက်နေကြတာ။ နောက်ပိုင်း ရုံးချုပ်ကလည်း ဒီဆိုက်ကြီး မရှိတော့သလို ဝန်ထမ်းတွေ မခန့်ထားသလို ဘာအဆက်အသွယ်မှ မရဘူး။ ဆက်ရင်လည်း ပြောပေးမယ်။ ဒီလောက်ပဲ။ သူဌေးဆိုရင် လုံးဝကို ဒီအတိုင်း မသိသလိုပဲ နေလိုက်တော့တာပါ”ဟု ၎င်း မှ ဆက်လက်ပြောဆိုခဲ့သည်။

.

အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အလုပ်သမားဦးစီးဌာန၊ ခရိုင်အလုပ်သမားဦးစီးဌာန၊ ညောင်ရွှေပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးနေမျိုး၊ ရှမ်းပြည်နယ်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင် တို့ ထံ တိုင်ကြားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

.

"ဝန်ကြီးက သူဌေးနဲ့ ဆက်သွယ်ပေးတယ်။ ဒါရိုက်တာ တစ်ယောက်နဲ့ အဆက်အသွယ်ရတယ်။ ဒီတစ်ပတ် အတွင်းတော့ ထူးခြားလောက်ပါတယ်လို့ မန်နေဂျာ တစ်ယောက်ဆီက သိရတော့ စောင့်ကြည့်လိုက်တာ တစ်ပတ်ပြည့်ပြီ ဘာမှ မထူးခြားလာဘူး။ ဒီဆိုက်ကြီး ကိုယ့်စားရိတ်နဲ့ကို လုံခြုံရေးစောင့်ပေးနေရသလိုဖြစ်နေတယ်။ လုပ်ထားတဲ့ဟာလေးတွေတော့ ရချင်တယ်။ နစ်နာကြေးမရခဲ့ရင်တောင် ထမင်းစားရိတ်နဲ့ ၆ လစာရှင်းပေးလိုက်ရင် ဝန်ထမ်း တွေလည်း ပြန်ပြီ”ဟု ဦးသိန်းထိုက်ဟန် မှ ပြောသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက “ဟုတ်ပါတယ်။ ကုမ္မဏီကဝန်ထမ်းဖြစ်ပါတယ်။ ဝန်ထမ်းတော့မဟုတ်ဘူး။ ချိတ်ဆက်နေပါတယ်။ အလုပ်ရှင်နဲ့အလုပ်သမားနဲ့ ကိစ္စဖြစ်တော့ အလုပ်သမားပြဿနာဖြေရှင်းတဲ့ဌာနသပ်သပ်ရှိမှာပါ့” ဟု ပြောဆို ခဲ့သည်

.

စွမ်းအားသစ်အိုအေစစ်ဖွံ့ဖြိုး တိုးတတ်မှု ကုမ္မဏီလီမိတက် ရေအားလျှပ်စစ် စီမံကိန်းသည် အင်းလေးကန် အနောက်ဘက်ကမ်း ရွှေအင်းတိန် ရှေ့ဟောင်း သမိုင်းဝင်ဘုရား၊ တုံးလှဲကျေးရွာအုပ်စု တွင်တည်ရှိပြီး ၂၀၀၉ ခုနှစ်တည်းက စတင် လုပ်ဆောင်ခဲ့သော စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည် ။

.


Journal Download

Photo of three cats