အောင်ကျော်မိုး (တာလေ)
.
တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စုတွင်
စမ်းသပ်စိုက်ပျိုးထားသော ဆောင်းသီးနှံ ပဲတီစိမ်း (ရေဆင်း-၁၅) မျိုး ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း
သိရသည်။
.
.
ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ
ဖွံ့ဖြိုး တိုးတက်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ၏ ဈေးကွက်
လိုလားချက်နှင့် စီးပွားရေးတွက်ခြေကိုက်သည့် သီးနှံများစိုက်ပျိုးထုတ်လုပ်ခြင်းမှ ဝင်ငွေပိုမိုရရှိစေပြီး
သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်လာစေရန် ရည်ရွယ်၍ နားယောင်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၆၂)
၌ ဆောင်းသီးနှံ ပဲတီစိမ်း (ရေဆင်း-၁၅) မျိုး စမ်းသပ်စိုက်ပျိုးထားခြင်းဖြစ်ကြောင်း
သိရသည်။
.
တာလေမြို့တွင် ဈေးကွက်အလားအလာကောင်းသော ဆောင်းရာသီသီးနှံ
ပဲတီစိမ်းကို စမ်းသပ်စိုက်ပျိုး၍ တောင်သူများအား ပြသသွားရန်နှင့် မျိုးသိုလှောင်ထားရှိပြီး
လာမည့် စိုက်ပျိုးရာသီတွင် တောင်သူများအား ဖြန့်ဖြူးပေးနိုင်ရန်
ရည်ရွယ်စိုက်ပျိုးခြင်းဖြစ်ကြောင်း တာလေမြို့စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး
ဦးနေလင်း ထံက သိရသည်။
.