မိုင်းထွန်း (ကျောက်မဲ)
.
COVID-19 ကပ်ရောဂါ ကာလအတွင်း ဆွမ်းခံမထွက်ရသဖြင့်
ခက်ခဲနေသည့် ကျောက်မဲမြို့နယ်အတွင်းရှိ ဘုန်းတော် ကြီးကျောင်းများတွင် ဆွမ်းကိစ္စ အဆင်ပြေစေရန်အတွက်
ကျောက်မဲလူငယ် ပရဟိတအဖွဲ့က မြို့သူမြို့သားများထံ ဆန်၊ ဆီနှင့် စားသောက်ကုန်များ အလှူခံ၍
ဒီဇင်ဘာလ ၇ ရက်က ဘုန်းတော်ကြီးကျောင်း ၃ ကျောင်းသို့ တစ်ဆင့် ပြန်လည် လှူဒါန်းပေးခဲ့သည်ဟု
သိရသည်။
.
.ထိုသို့ လှူဒါန်းရာတွင် ကျောက်မဲမြို့နယ်အတွင်းရှိ
ရန်ကုန် ကျောင်းတိုက်၊ ဝါဆိုဘုန်းတော်ကြီးကျောင်း၊ အောင်မြေ သာယာ
ဘုန်းတော်ကြီးကျောင်းများသို့ ဆန်၊ ဆီ၊ ဟင်းချက်စရာများကို
သွားရောက်လှူဒါန်းပေးခဲ့ခြင်း ဖြစ်ကာ ကျန် ဘုန်းတော်ကြီးကျောင်းများ သို့လည်း
ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
.
COVID-19 ကာလအတွင်း ဆွမ်းခံမထွက်ရ၍
ခက်ခဲမှုရှိနေသော ကျောက်မဲ မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများ အတွက်
အခြေခံစားနပ်ရိက္ခာများ လိုက်လံလှူဒါန်းရန် ရည်ရွယ်၍ ကျောက်မဲလူငယ် ပရဟိတအဖွဲ့ကို ၂၀၂၀
ပြည့်နှစ်၊ စက်တင်ဘာလ ၅ ရက်က လူငယ် ၆ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလအတွင်း
ပထမအကြိမ်အဖြစ် ကျောက်မဲမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း ၂၄ ကျောင်း၊ သက်ကြီးဘိုး/ဘွားများ၊
ခက်ခဲမိသားစုများ အပါအဝင် စုစုပေါင်း အိမ်ထောင်စု ၃၂ စုအတွက် ငွေကျပ်တန်ဖိုး ၄၀
သိန်း ရှိ ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ပဲ
အမျိုးမျိုး၊ အာလူး၊ ကြက်သွန် အစရှိသည့် ဟင်းချက်စရာများကို ထောက်ပံ့
လှူဒါန်းပေးခဲ့ပြီးဖြစ်ကြောင်း ကျောက်မဲ လူငယ်ပရဟိတအဖွဲ့မှ မစုစုနိုင်၏ ထံက သိရသည်။
.
ကျောက်မဲမြို့ပေါ်တွင် ဘုန်းတော်ကြီးကျောင်း ၂၈
ကျောင်းရှိပြီး မြို့နှင့်နီးစပ်သော ကျေးရွာများတွင် ဘုန်းတော်ကြီး ကျောင်း ၁၅
ကျောင်းခန့်ရှိသည်ဟု ကျောက်မဲခရိုင်သာသနာရေးဦးစီးဌာနထံမှ သိရသည်။
.
No comments:
Post a Comment