​တောင်ကြီးတွင် ​စျေးသည်အချို့ စားဝတ်​နေ​ရေးအရ အချိန်ပိုင်း ​​ရောင်းချမှုများ ရှိလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

​တောင်ကြီးတွင် ​စျေးသည်အချို့ စားဝတ်​နေ​ရေးအရ အချိန်ပိုင်း ​​ရောင်းချမှုများ ရှိလာ

အောင်ဆန်းဝင်း

.

COVID-19 ကပ်ရောဂါဖြစ်ပွားမှု အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါး လာခြင်း၊ လည်ပတ်နေသည့်လုပ်ငန်းများ ယာယီရပ်ဆိုင်းထားရခြင်းများကြုံနေရသည့်အတွက် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် အချိန်ပိုင်းဖြင့် စျေးရောင်းချသူများပြား လာကြောင်းသိရသည်။

.

.

ထိုသို့ အချိန်ပိုင်းဖြင့် စျေးရောင်းချရာ၌ တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ သမဝါယမ သင်တန်း ကျောင်းရှေ့နှင့် မင်းကျောင်းပရိယတ္တိစာသင်တိုက်ရှေ့တို့တွင် ညနေ ၂ နာရီ နောက်ပိုင်းမှ စတင်၍ ညပိုင်းအထိ ရောင်းချကြခြင်း  ဖြစ်ကြောင်း သိရသည်။

.

အရင်ကတော့ အထက (၃) ရှေ့ ညစျေးမှာ ရောင်းပါတယ်။ အခု ဒီမှာ ရောင်းနေတာ ၁ လခွဲလောက် ရှိပါပြီ။ ဒီနှစ်ကတော့ လပြည့်၊ လကွယ်တို့၊ ပွဲတော်တို့ မရှိတော့ မရောင်းရပါဘူး။ မိသားစု ၇ ယောက် ရှိပါတယ်။ အိမ်မှာ ငုတ်တုတ် ထိုင်နေတာထက်စာရင် ရသလောက် ရောင်းနေရတာပေါ့” ဟု တောင်ကြီးမြို့၊ သမဝါယမသင်တန်းကျောင်း အနီးတွင် အထည် ရောင်းချသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

တောင်ကြီးမြို့ပေါ်တွင် ယခင်က မြို့မစျေးတောင်ဘက် နာရီစင် ညစျေးတန်း၊ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှေ့ ညစျေးတန်းနှင့် အထက(၃) တောင်ဘက် (Night-38) ညစျေးတန်း ဟူ၍ ညစျေး ၃ ခု ရှိရာမှ ဗိုလ်ချုပ် အောင်ဆန်းပန်းခြံရှေ့ ညစျေးတန်းကို အမျိုးသမီးနှင့် ကလေးဆေးရုံနှင့် နီးကပ်နေသည့်အတွက်လည်းကောင်း၊ Night-38 ညစျေးတန်းကို အထက (၁)၊ အထက (၃) ကျောင်းများနှင့် နီးကပ်နေသည့်အတွက် COVID-19 ရောဂါ မကူးစက်စေရန်အတွက် လည်းကောင်း ပိတ်သိမ်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်နာရီစင် ညစျေးတန်း တစ်ခုသာ တရားဝင် ဖွင့်လှစ်နေခြင်းဖြစ်သည်။

.


Journal Download

Photo of three cats