ခွန်ရဲထွေး (ဆီဆိုင်(
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ ဒုံပင်ညိုကျေးရွာ တောင်ဘက် ၁ ဖာလုံ ခန့်အကွာရှိ
အမြင့် ၃ ပေခန့်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၂၃ ဧကနှင့် နားခိုက်ကျေးရွာအုပ်စု၊
လွယ်ဆောင်ကျေးရွာ တောင်ဘက် ၁ မိုင်ခန့်အကွာရှိ အမြင့် ၂ ပေခန့်ရှိ
သီးပွင့်ဆဲဘိန်းစိုက်ခင်း ၃၂ ဧကတို့အား ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက သက်ဆိုင်ရာ
ပူးပေါင်းအဖွဲ့မှ အဖွဲ့ ၂ ဖွဲ့ခွဲ၍ စုပေါင်းဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။
.
ထိုသို့ ဖျက်ဆီးရာတွင် ဆီဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးသိန်းဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သီဟန် ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊
ဌာနဆိုင်ရာများ၊ ကျေးရွာသားများနှင့်အတူ
မြက်ဖြတ်စက်များ၊ ဓါးကောက်များတို့ဖြင့်
သီးပွင့်ဆဲဘိန်းစိုက်ခင်း ၅၅ ဧကအား စုပေါင်းဖျက်ဆီးရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ဆီဆိုင်မြို့နယ်အတွင်းရှိ ဘိန်းစိုက်ခင်းများကို
စက်တင်ဘာ ၂၅ ရက်နေ့မှ စတင်ဖျက်စီးခဲ့ရာ
ဒီဇင်ဘာ ၁၇ ရက်နေ့အထိ စုစုပေါင်း ဘိန်းစိုက်ခင်း ၃၂၄ ဒသမ ၅ ဧက
ဖျက်ဆီးရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
.