မိုင်းယောင်းတွင် ရော်ဘာစိုက်ခင်းအတွင်း ကော်ဖီပင်များ တိုးချဲ့စိုက်ပျိုး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယောင်းတွင် ရော်ဘာစိုက်ခင်းအတွင်း ကော်ဖီပင်များ တိုးချဲ့စိုက်ပျိုး

နန်းစီဖောင်း

.

တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရော်ဘာစိုက်တောင်သူအချို့သည် ရော်ဘာစိုက်ခင်းအတွင်း မိသားစုအပို ဝင်ငွေ ရရှိစေရန် ကော်ဖီပင်များ တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

.

.

ယင်းကဲ့သို့ ကော်ဖီ စိုက်ပျိုးမှုနှင့် ပတ်သက်၍ Farmer to Farmer အစီအစဉ်ဖြင့် ကော်ဖီစိုက်ပျိုးခြင်းအကြောင်း မျှဝေခြင်းအခမ်းအနားကို ယနေ့ ဒီဇင်ဘာလ ၁၇ ရက်၊ နံနက်ပိုင်းက မိုင်းယောင်းမြို့နယ်၊ ဝမ်အန်ကျေးရွာရှိ တောင်သူ စိုင်းခမ်းခစ်၏ ကော်ဖီခြံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

အသိပညာ မျှဝေခြင်း အစီအစဉ်တွင် မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက စက်မှုကုန်ကြမ်းသီးနှံ ရော်ဘာပင်ကြားတွင် ကော်ဖီ၊ ဝဥတို့ကို စိုက်ပျိုးခြင်းဖြင့် တောင်သူများ အပိုဝင်ငွေ ရရှိစေမည် ဖြစ်ကြောင်း၊ ရော်ဘာအစေးလှီးပြီးနောက် ကော်ဖီသီးခူး၍ မိသားစုအပိုဝင်ငွေ ရရှိစေမည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းလည်း ရရှိမည်ဖြစ်ကြောင်းနှင့် ဝဥနှင့် ကော်ဖီစိုက်ပျိုးရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများကို အသိပညာပေး ဆွေးနွေးလျက်ရှိကြောင်း ပြောဆိုခဲ့သည်။

.

“တခြားမြို့နယ်နဲ့ မြို့နယ်အတွင်းက ဘယ်သူမဆို ကော်ဖီစိုက်ပျိုးလိုသူတွေ အနေနဲ့ ခြံမှာ ပျိုးထောင်ထားတဲ့ ကော်ဖီ ပျိုးပင်တွေကို လာရောက်ဝယ်ယူစိုက်ပျိုးနိုင်ပါတယ်။ ပျိုးပင်လာရောက်ဝယ်ယူစိုက်ပျိုးရင် ကျွန်တော့်အနေနဲ့ ကော်ဖီ စိုက်ပျိုးနည်းစနစ်နဲ့ အတွေ့အကြုံတွေကို မျှဝေပေးသွားမှာဖြစ်တဲ့အပြင် ကော်ဖီစေ့ကိုလည်း ပြန်လည်ဝယ်ယူသွားမှာ ဖြစ်ပါတယ်” ဟု တောင်သူ စိုင်းခမ်းခစ်က ပြောဆိုခဲ့သည်။

.

မိုင်းယောင်းမြို့နယ်တွင် ရော်ဘာစိုက်ဧက ၁၇၀၀၀ ကျော် စိုက်ပျိုးထားကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဒေသဆိုင်ရာ အချက်အလက်များအရ သိရသည်။

.


Journal Download

Photo of three cats