စုလှိုင်
.
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ
အေးသာယာမုခ်ဦးအနီးတွင် ဒီဇင်ဘာလ ၇ ရက်၊ ညပိုင်းက ကားနှင့်ဆိုင်ကယ် တိုက်မိပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး
စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
.တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အောင်သပြေရပ်နေ
ယာဉ်မောင်း ထွန်းမင်းလတ် (ခ) ကိုလတ် မောင်းနှင်လာသော အဖြူရောင်မော်တော်ယာဉ်သည် ဒီဇင်ဘာလ
၇ ရက်၊ ညပိုင်းက တောင်ကြီး-အေးသာယာ ပြည်ထောင်စုလမ်းမကြီး အတိုင်း မောင်းနှင်လာစဉ် အေးသာယာမြို့အဝင်
မုခ်ဦးအနီး အရောက်တွင် အေးသာယာမြို့၊ နယ်မြေ (၈) နေ ကျော်မြင့်နိုင် မောင်းနှင်ပြီး
နောက်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီး မတင်ဇာဝင်းနှင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တို့ လိုက်ပါစီးနင်းလာသော
ဆိုင်ကယ်အား နောက်မှ ဝင်ရောက်တိုက်မိခဲ့ပြီးနောက် ကားမှာ လမ်းဘေး အုတ်ခုံအား ထပ်မံတိုက်မိကာ
တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ယာဉ်မောင်း ကျော်မြင့်နိုင်တွင်
ယာဒူးပွန်း၊ ဝဲတံတောင် ပွန်းခြစ်ဒဏ်ရာနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး
မတင်ဇာဝင်းတွင် ယာနဖူးထိပ်ပြဲ၊ နဖူး ဖူးယောင်ဒဏ်ရာ၊ ဦးခေါင်းမူးဝေ စိုးရိမ်ရ ဒဏ်ရာများ
ရရှိခဲ့ကာ ယာဉ်မောင်း ထွန်းမင်းလတ်တွင် နဖူးပေါက်ပြဲဒဏ်ရာ၊ နှာခေါင်း
သွေးထွက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိုက်မှုမှ ယာဉ်မဆင်မခြင်မောင်းနှင်သူ
ယာဉ်မောင်း ထွန်းမင်းလတ်အား အေးသာယာနယ်မြေ ရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၇/၃၃၈
ဖြင့် အမှုဖွင့်အရေးယူဆောင်လျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment