ကိုကိုနိုင် (မိုင်းယု)
.
တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် မြေသားအုတ်များကို
ဈေးနှုန်းသက်သာစွာဖြင့် ထုတ်လုပ်ရောင်းချပေးသဖြင့် ရောင်းသူနှင့် ဝယ်သူ အဆင်ပြေလျက်ရှိကြောင်း
သိရသည်။
.
.
ယင်းကဲ့သို့ မြေသားအုတ် ပြုလုပ်ရာတွင် ရေအနည်းငယ်ဖြင့်
နှပ်ထားသည့် မြေစေးကို ကြိတ်စက်၏ လှောင်အိုးတွင် ထည့်၍ သမအောင်မွှေထားသည့်
ရွှံ့မြေအား မိုပေါင်းမှတဆင့် ထွက်ရှိလာကာ ရေအသင့်အတင့်ထပ်မံရောစပ်ကာ
လေးထောင့်ပုံစံရွှံ့မြေခဲအရှည်ကိုရရှိပြီး ယင်းမြေခဲကို စည်းတံဆိပ်ရိုက်ခြင်း၊
အရှည် ၉ လက်မ၊ အကျယ် ၃ လက်မ၊ အမြင့် ၄ လက်မရှိသည့် မြေသားအုတ်စိမ်းဖြစ်အောင်
ဖြတ်တောက်ခြင်းများပြုလုပ်ပြီး ရရှိလာသည့် အဆိုပါ အုတ်ကို
ကွင်းပြင်တွင်နေပြအခြောက်ခံ၍ အုတ်စိမ်းခြောက်ကို ဖိုသွင်းမီးဖုတ်ကာ ပြုလုပ်ရခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ မြေသားအုတ်များကို ဒေသတွင်း
ပို့ဆောင်ပေးရပါက တစ်လုံးလျှင် ငွေကျပ် ၁၁၀ ဖြင့်ပို့ဆောင်ရောင်းချပေးပြီး
အုတ်ကွင်းသို့ လာရောက်ဝယ်ယူပါက တစ်လုံးလျှင် ၁၀၀ ကျပ်ဖြင့်သာ ရောင်းချပေးနေသဖြင့်
ဒေသတွင်းရှိ မြေသားအုတ် ထုတ်လုပ်ရောင်းချသူနှင့် ဝယ်ယူသူတို့အကြား အဆင်ပြေလျက်ရှိကြောင်း
သိရသည်။
.
မိုင်းယုမြို့တွင် ယခင်က မြေသားအုတ်လုပ်ငန်း
လုပ်ကိုင်သူမရှိသဖြင့် အိမ်များဆောက်လုပ်ရန်နှင့် ခြံစည်းရိုးကာရန် အတွက်
မြေသားအုတ်ကို မိုင်းယောင်းမြို့နယ်မှတစ်ဆင့် ဝယ်ယူအသုံးပြုရပြီး ယခုအခါ
အချိန်ကုန်/ငွေကုန် သက်သာစွာဖြင့် ဒေသတွင်း၌ အလွယ်တကူ ဝယ်ယူရရှိနိုင်လာသဖြင့်
မြေသားအုတ်လုပ်ငန်း လုပ်ကိုင်ရောင်းချသူနှင့် ဝယ်ယူသူအကြား လုပ်ငန်းလုပ်ကိုင်မှု
အဆင်ပြေနေလျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment