မောက်မယ်မြို့နယ်အတွင်း စျေးဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် တာဝန်ရှိသူများမှ လိုက်လံစစ်ဆေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မောက်မယ်မြို့နယ်အတွင်း စျေးဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် တာဝန်ရှိသူများမှ လိုက်လံစစ်ဆေး

 စိုင်းမျိုးသန့်( မောက်မယ်)

.

ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်အတွင်း စျေးဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် တာဝန်ရှိသူများမှ ယနေ့(ဒီဇင်ဘာလ ၁၃ ရက်) နံနက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏  ညွှန်ကြား ချက်များအတိုင်း လိုက်နာခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ပြီး ဈေးဆိုင်ပိုင်ရှင်များမှ လိုက်နာပါက ပြန်လည်ဖွင့်လှစ်ရောင်းချခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။

.

 


.


ယင်းကဲ့သို့ စစ်ဆေးရာတွင် ပြည်သူများ ကိုရိုနာဗိုင်းရပ်(စ်) COVID-19 ကူးစက်ရောဂါ ဖြစ်ပွားမှု ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် အသိပေး နိုးဆော်ခြင်း ၊ ပြည်သူလူထု အတွင်း COVID-19 ရောဂါ ကူးစက်မှုအား လျင်မြန်စွာ ဖြတ်တောက်နိုင်ရန်အတွက် ရောဂါဖြစ်ပွားမှုကို ကာကွယ်ရမည့် နည်းလမ်းများနှင့် လိုက်နာရန် စည်းကမ်းချက်များကို အသိပညာပေးခဲ့ကြောင်း သိရသည်။

.

COVID-19 ကူးစက် ရောဂါ ဖြစ်ပွားမှုကို ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏  ညွှန်ကြား ချက်များနှင့် အညီ စျေးဆိုင်ပိုင်ရှင်များ လိုက်နာခြင်း ရှိ/မရှိကို COVID-19 ရောဂါ ကြိုတင်ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး မြို့နယ် အဆင့် လုပ်ငန်းကော်မတီ က္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးဟန်သူရ က ဦးဆောင်၍ မြို့နယ်အဆင့် လုပ်ငန်းကော်မတီတွင် ပါဝင်သော အဖွဲ့၀င်များမှ ယနေ့(ဒီဇင်ဘာလ ၁၃ ရက်)နံနက် ၇ နာရီက လိုက်လံစစ်ဆေးခြင်း ခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats