စိုင်းဇော်လတ် (လင်းခေး)
.
လင်းခေးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ ၇ ရက်၊ ညပိုင်းက
အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။
.
.သေဆုံးသူသည် လင်းခေးမြို့၊ ဈေးတန်းရပ်ကွက်၊ ချောင်းကူးတံတားအနီးတွင်
နေထိုင်ကာ ဘူးခွံ၊ ပုလင်းခွံ၊ ပစ္စည်းဟောင်း လိုက်လံကောက်ယူသူ တင်မောင်ဝင်း (၃၆ နှစ်)
ဆိုသူဖြစ်ပြီး ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိရဘဲ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း
သိရသည်။
.
ဆက်လက်ပြီး တာဝန်ရှိသူများ၏ စစ်ဆေးချက်အရ သေဆုံးသူမှာ
လွိုင်လင်မြို့တွင် နေထိုင်သူဖြစ်ပြီး စိတ်ကျန်းမာရေးချို့တဲ့ကာ အရက်အလွန်အကျွံ သောက်သုံး
တတ်သူတစ်ဦးဖြစ်ကြောင်းနှင့် အာဟာရပြတ်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ တင်မောင်ဝင်း သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်
သိရှိနိုင်ရန် လင်းခေးမြို့မ ရဲစခန်းတွင် သေမှုသေခင်း ဖွင့်လှစ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.